part-22💜

3.8K 72 0
                                    

လက်တွဲဖော် (Right Person)🤍🌹

အပိုင်း(၂၂)

"ကိုမိုးမာန်... ရှေ့မတိုးလာနဲ့နော်..."

မာန် ကုတင်ပေါ်တက်သွားပြီး...
အကြင်နာအနားကိုကပ်သွားတော့
အကြင်နာ ကုတင်ပေါ်ကနေ
ပြေးဆင်းလေသည်...
စောင်ကိုလည်းဆွဲယူပြီး ခန္ဓာကိုယ်မှာ
ပတ်လိုက်တာမို့
အခုဆို ကိုယ်တုံးလုံး ဖြစ်နေတာဆိုလို့
မာန်တစ်ယောက်တည်းသာ...
အကြင်နာ ကျောပေးထားပြီး...

"ကိုမိုးမာန်... ရှင့်ကို ကျွန်မ
ကွာရှင်းထားပြီးသားနော်..
ကျွန်မ အသားကို လာမထိတော့နဲ့..."

"မိန်းမ... ငါအကြိမ်ကြိမ်ပြောခဲ့တာကို
မင်းမသိဘူးလား...
မင်းဘဲကွာရှင်းတာလေ ငါကကွာရှင်းခဲ့လို့လား..."

"ကိုမိုးမာန်...!"

အကြင်နာ စိတ်တိုတိုနှင့်
အနောက်လှည့်ကြည့်ပြီးအော်မိတော့...
ခန္ဓာကိုယ်ပေါ်မှာ ဘာမှမရှိတာမို့...
ကိုမိုးမာန်ရဲ့ ခန္ဓာကိုယ်အချိုးအစားအကုန်လုံးကိုမြင်ရလေသည်...
အရင်တစ်ခါ အတူတူအိပ်ပြီးကတည်းက
အကြင်နာ လန့်နေခဲ့တာ အခုထိပင်...

"လာပါ မိန်းမ... အိပ်ကြရအောင်...ဒီတစ်ခါတော့
ကိုဖြေးဖြေးဘဲလုပ်မှာပါ..."

"ရှင်ဘာတွေ လာပြောနေတာလဲ...
ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်မ ရှင်နဲ့လုံးဝမနေဘူး..."

"ဟာ မိန်းမ မင်းအခုရောက်နေတာ ကို့အခန်းနော်...
ကိုထွက်သွားခွင့်ပေးမှ မင်းထွက်လို့ရမှာ... "

မာန် ကုတင်ကနေထလိုက်ပြီး...
အကြင်နာကို ဖက်လိုက်ကာ...
နဖူးတွေကို နမ်းရှုံ့လိုက်လေသည်...

"ရွှတ် ရွှတ်..."

"မထိနဲ့ ကိုမိုးမာန်...!"

"ကိုမင်းကိုချစ်တယ်..."

မထင်မှတ်ထားတဲ့အချိန် မထင်မှတ်ထားတဲ့ စကားမို့...
အကြင်နာ  ကိုမိုးမာန်ကိုကြည့်ကာ
မျက်ဝန်းတွေမှာ အချစ်ဆိုတဲ့ အရာကိုလိုက်ရှာမိနေဆဲ...
သို့သော် ရှာမတွေ့...

"လျှာရိုးမရှိတိုင်း လာမပြောနဲ့ ... ဖယ်..."

"ချစ်တယ်လေ ချစ်လို့ချစ်တယ်ပြောတာ..
ဘာလို့မယုံတာလဲ..."

Right Person (လက်တွဲဖော်) [complete]Where stories live. Discover now