part-8💜

5.4K 93 0
                                    

လက်တွဲဖော်..[Right Person] 🍓🤍

အပိုင်း (၈)

စိုးအောင်နဲ့ သိန်းထိုက်ဉီး တို့ကိုခေါ်လိုက်ပြီး မာန် ဖြစ်လာသမျှ အကုန်လုံးကိုပြောပြလိုက်တော့...

"ကွာရှင်းပေးလိုက်လေ ငါသာမရီးနေရာမှာဆို ချက်ချင်းကွာရှင်းမှာ မင်းလိုကောင်နဲ့တော့ ငါမပေါင်းနိုင်ပါဘူး မိုးမာန်ရာ..."

"အေ့ ငါလည်း အဲ့တိုင်းဘဲ ဘယ်နှယ့်ကွာ မိန်းမရှိလျက်နဲ့ တခြားမိန်းမတွေနဲ့လိုက်အိပ်နေတာ ငါဆိုလည်း မပေါင်းနိုင်ပါဘူး..."

"ပြောတာတွေက တော်တော်လွန်လာပြီနော်... ငါ ဘယ်မိန်းမနဲ့မှမအိပ်ဘူး တွဲရုံလောက်ဘဲရှိတာ...ပြီးတော့ ငါကရော မင်းတို့ နှစ်ယောက်နဲ့ယူထားလို့လား ငါနဲ့ကွာမယ် ကွာမယ်လို့ပြောပြောနေရအောင်က..."

မာန် ဒီလိုပြောလိုက်မှ နှစ်ယောက်လုံး တိတ်သွားကြလေသည်...

"အဲ့တာဆို မင်းညတွေ မပြန်ဘဲ ဘယ်မှာသွား အိပ်လဲ..."

"ကုမ္မဏီသွားတာလေ အလုပ်သွားလုပ်တာ ညကိုကျ ငါအလုပ်လုပ်ပြီး.. မနက်ကျရင် လုပ်စရာရှိတာတွေကို အကြင်နာက ဆက်လုပ်ပေးတာ.."

"ဒါဆို မင်း ညတွေ အလုပ်လုပ်တယ်ဆိုတာ မရီးကသိတယ်ပေါ့"

"သိတယ်လေ မနက်ကျ သူ အစောဆုံးလာတာ.. ငါ့ကို အမြဲလာနိုးပေးတယ်..."

"မရီးရဲ့နောက်ထပ်စိတ်ဒဏ်ရာတစ်ခုသိလိုက်ရပြီ..."

"ဟ ဘာတုန်းကွ..မင်းတို့ကလဲ..."

"စဥ်းစားလေ ခွေးသားရ... ကိုယ်နဲ့ယူထားတဲ့ယောက်ျားက ညတွေပြန်မအိပ်ဘဲ ညတွေမှာမှ အလုပ်လုပ်ပြီး မနက်ဆို ကိုယ်တိုင်နိုးပေးမှထတယ် ပြီးတော့ တစ်နေ့လုံးပျောက်သွားတယ်...
အဲ့လို ဆို မင်း ဘယ်လိုတွေးမလဲ"

"ငါက ဘာတွေးရမှာလဲ... ငါကဒီတိုင်း နေ့ဆို ကောင်မလေးတွေနဲ့ တွေ့ရတာမအားလို့ ညကို အလုပ်လုပ်တာလေ..."

"အဲ့တာ မင်းအတွေးလေ မရီးရဲ့ အတွေးကျ မင်းမတွေးဘူးလား...
ကိုယ့်ယောက်ျားက ကိုယ်နဲ့ မအိပ်ချင်လို့ မနေချင်လို့ ဒီလို လုပ်နေတယ်လို့ဘဲတွေးမှာကွ..."

Right Person (လက်တွဲဖော်) [complete]Where stories live. Discover now