လက်တွဲဖော် (Right Person) 🤍🌹
အပိုင်း (၂၃)
(Warning🔞🚨)
"ကိုမိုးမာန် ရှင် ဘာလုပ်ရပ်တွေ လုပ်နေတာလဲ
ရပ် အခုချက်ချင်းကားရပ်ပေး...""ငါ့လုပ်ရပ်တွေက မဟုတ်တာတွေ မဟုတ်ဘူး အကြင်နာ
ငါ မင်းကို မဆုံးရှုံးနိုင်လို့ ဒီလိုတွေဖြစ်လာရတာ...
တကယ်တော့ မင်း အနေအထိုင်မဆင်ခြင်လို့..."အပြစ်တင်တဲ့ စကားတွေ ပြောနေတာမို့ အကြင်နာ
တကယ်ခံရခက်လှသည်...
စိုက်ကြည့်ပြီး မျက်ရည် ကျနေရုံက လွဲပြီး ဘာတတ်နိုင်ဦးမှာလဲ...တော်တော်ကြာအောင် မောင်းလာခဲ့ပြီး
တည်းခိုခန်းတစ်ခုနားရောက်တော့...
ကားကို ရပ်လိုက်ကာ..
အကြင်နာကို ကားပေါ်ကနေ ဆွဲထုတ်ပြီး...
အနောက်က အထုပ် ၂ထုပ်ကိုယူကာ..
တည်းခိုခန်းကောင်တာနားသွားလိုက်သည်..."ကြိုဆိုပါတယ်ရှင့်..."
"၂ယောက်ခန်း ၁ခန်း..."
"ဟုတ်ကဲ့ရှင့် သော့ က ဒီမှာပါရှင့် အခန်း ၂၅ ပါရှင့်"
မာန် သော့ကိုလှမ်းယူပြီး...
အကြင်နာကို လက်တစ်ဖက်က တင်းနေအောင်
ဆုတ်ထားပြီး နောက်တစ်ဖက်က အိတ် နှစ်အိတ်ကို
ကိုင်ထားကာ..
အခန်းကို လိုက်ရှာရလေသည်...အကြင်နာ မရုန်းမိတော့ပါ...
ရုန်းကန်နေလဲ နောက်ဆုံးတော့ ဒီလူလက်ထဲဘဲ
ပြန်ရောက်လာခဲ့တာဘဲမလား...
ကြိုးစားနေလဲ အပိုဘဲ ဆိုပြီး ကံကြမ္မာက လှောင်နေသလိုလိုပင်...အခန်းတွေ့ပြီး အခန်းထဲ ဝင်လိုက်ကာ
အထုပ်တွေ ချပြီး... အကြင်နာ ဖက်ကိုလှည့်ကြည့်တော့
ဒီကလေးမက သူ့ဆီကနေ ရုန်းထွက်ချင်တဲ့ ပုံစံမပေါ်ပေမယ့်
သူ့ကိုတော်တော်စိတ်ပျက်နေသည့် ပုံတော့ မြင်ရသည်..."မင်း ငါ့ကို မင်းယောက်ျားအဖြစ် သတ်မှတ်ဖူးရဲ့လား..."
ပြန်မဖြေပါ.. ရေငုံနှုတ်ပိတ်နေမည့် ပုံစံ..
"ငါက မင်းယောက်ျား... မင်းလင်... မင်းကို ---ိုး ဖူးတဲ့ကောင်.."
ကြမ်းတမ်းတဲ့စကားလုံးတွေပြောလိုက်မှ
မျက်ရည်တွေ
ရစ်ဝိုင်းနေသည့် မျက်လုံးတွေနှင့်ကြည့်သည်...
နှုတ်ခမ်းကိုဖိကိုက်ကာ... သူ့ကို မုန်းသည့်
မျက်လုံးတွေနှင့် ကြည့်နေပြန်သည်...

YOU ARE READING
Right Person (လက်တွဲဖော်) [complete]
Lãng mạn‼️ This story contains a lot of sexual content so please if you are under 18 don't read or skip this story ‼️ ငါကလဲ မင်းကို ထိချင်လို့ထိနေတာမဟုတ်ဘူး အကြင်နာ မင်းက ငါ့မိန်းမ... မင်းနဲ့ ပတ်သက်တာတွေ အကုန် ငါပိုင်တယ်... မင်းခန္ဓာ မင်းရဲ့ အရာအားလုံး ငါ ပ...