လက်တွဲဖော် (Right Paerson) 🤍🌹
အပိုင်း ( ၂၁ )
၅လခန့်ကြာသော်...
"မိုးမာန် မင်း အကြင်နာနဲ့ တကယ်ကွာရှင်းလိုက်တာလား..."
ကိုစည်သူရဲ့ စကားကြောင့် မာန် ကြည့်နေတဲ့
ဖိုင်တွဲကို ချကာ..
သူ့ရှေ့မှာရပ်နေတဲ့ ကိုစည်သူကို ကြည့်ပြီး..."မကွာရှင်းပါဘူး ကိုစည်သူ ကျွန်တော့ ကို
အဲ့ မေးခွန်းဘဲ မေးနေတာ
အခေါက်ပေါင်းများစွာရှိနေပြီနော်...
နောက်တစ်ခါ ထပ်မေးရင် ကျွန်တော်
ကိုစည်သူကို မန်နေဂျာ ရာထူးကနေဖြုတ်ပစ်တော့မှာ..."အကြင်နာ မရှိတော့ ကတည်းက အတွင်းရေးမှူး
သီးသန့်မခန့်တော့ဘဲ မန်နေဂျာ သာ ခန့်ထားလိုက်သည်...
သူအလုပ်မလာနိုင်ရင်တောင် စိတ်ချရမဲ့
သူမျိုးဖြစ်တဲ့ ကိုစည်သူကို
မန်နေဂျာရာထူးပေးထားလိုက်သည်...
အကြင်နာနဲ့ ပြဿနာတက်ပြီးကတည်းက
သူ အလုပ်လာတာမပျက်ခဲ့ပါ...
နေမကောင်းမဖြစ်အောင် ကြိုးစားနေပြီး
အလုပ်ကို ပိုကြိုးစားကာ...
အေးဆေးနေနေလိုက်သည်...မာန် အလုပ်တွေ ပြီးလို့ ကုမ္မဏီကနေ
ခဏ ထွက်လာတော့...
မီးပွိုင့်မိနေတာနှင့် ကွက်တိ...စိုးအောင်ဆီက
ဖုန်းလာသဖြင့် သူ ကိုင်လိုက်သည်.."သားကြီး ဒီနေ့ တစ်ဝိုင်း..."
"လာပြီ..."
ဖုန်းချလိုက်ပြီး စိုးအောင်တို့ရှိရာကိုတစ်ခါတည်း
လာခဲ့လိုက်တော့သည်...
ဘားထဲ ဝင်လာတာနှင့် ကောင်မလေး
တော်တော်များများရဲ့ အကြည့်တွေက သူ့ဆီမှာ...
ဆံပင်ကို ဂုတ်ထောက်အထိ ထားထားကာ
အလယ်ခွဲထားတဲ့ မိုးမာန်ရဲ့ ဆံပင်ကေ
နဲ့တင် ကောင်မလေးတွေ သဲသဲစွဲဖြစ်နေလေပြီ...
အနည်းငယ် ပိန်ကျသွားတာမို့
မေးရိုးကြီးတွေ ထင်းနေကာ..
နှာတံက ချွန်နေပြီး... ညှို့အားကောင်းတဲ့
မျက်လုံးတွေကြောင့်
ပိုပိုပြီးကြည့်ကောင်းလာသည်..."ရောက်နေတာကြာပြီလား..."
"မကြာသေးပါဘူးကွာ..."
စိုးအောင်ကို သူပြုံးပြလိုက်ပြီး
ဘေးနားကောက်ထိုင်လိုက်သည်...
တီရှပ် အဖြူကို ဝတ်ထားကာ
လက်ကိုခေါက်တင်ထားပြီး...
ကြယ်သီး ၃လုံးလောက်အထိဖြုတ်ထားတာမို့ဖြူဖွေးနေတဲ့
ရင်ဘတ် ကို မြင်နေရသည်...
ခန္ဓာကိုယ်တောင့်တင်းတဲ့ သူမို့ လက်မောင်းက...
ကြွက်သားတွေနှင့် အင်္ကျီနဲ့က fit ဖြစ်နေလေသည်...
YOU ARE READING
Right Person (လက်တွဲဖော်) [complete]
Romanceငါကလဲ မင်းကို ထိချင်လို့ထိနေတာမဟုတ်ဘူး အကြင်နာ မင်းက ငါ့မိန်းမ... မင်းနဲ့ ပတ်သက်တာတွေ အကုန် ငါပိုင်တယ်... မင်းခန္ဓာ မင်းရဲ့ အရာအားလုံး ငါ ပိုင်တယ် ဆိုတာ မင်းကို သိစေချင်လို့ဘဲ.... ❤️❤️ ၁၈ယောက်🔞စုဖတ်ရမဲ့အပိုင်းလေးတွေပါတယ်နော်🤭