Silly Me

4 1 0
                                    

"နင့်အဒေါ်က ငယ်ငယ်လေးရှိသေးတာပဲ"

"အေ ယောကျာ်းတော့ရှိတယ်။ သ​​ေင်္ဘာလိုက်နေလို့"

အော်...ဆိုပြီးအသံပြုရင်း
ထမင်းစားပွဲထိပ်မှာပဲ ထိုင်တယ်။
စာအုပ်တွေဘာတွေဖွင့်ပြီး
ခန့်သာအောင်က စာကိုပဲအာရုံစိုက်တော့မယ့်ပုံ။
ငါလည်း ငါ့စာအုပ်ငါထုတ်ရင်း
ဟိုလှန်ဒီလှန် ဟိုဖတ်ဒီဖတ်နဲ့
မှတ်သင့်တယ်ထင်တဲ့ဟာတွေပဲ
ရွေးမှတ်နေလိုက်တော့တယ်။

စာမေးပွဲမတိုင်ခင် ၁ပတ်။
ဒီ၇ရက်လုံး ညနေခင်းတိုင်း
ခန့်သာအောင်က ငါ့အိမ်မှာပဲ
စာအတူတူလိုက်လုပ်မယ်။
ည၇နာရီမထိုးမချင်း။

ငါဖတ်ရတာ တော်တော်ပြီးလာတာနဲ့
နာရီကိုမော့ကြည့်တော့
၆နာရီကို မခွဲသေးဘူး။
ငါပဲ စောက်ရမ်းမြန်နေတာလား။
မြန်မာဖတ်စာ ဖတ်လို့ကပြီးသလောက်ရှိနေပြီ။
ငါ ရေးထားတဲ့ မှတ်စုတိုလေးတွေကို
ပြန်ကြည့်တော့
ငါ့မှတ်သင့်တယ်ထင်တဲ့ဟာတွေက
စာမျက်နှာတစ်မျက်နှာကို မပြည့်သေးဘူး။
ထပ်ဖတ်ဖို့ကြိုးစားရင်း
အစကိုပြန်လှန်လိုက်တယ်။
နောက်တော့ လျင်လျင်မြန်မြန်ကြီး
အဆုံးနား ပြန်နီးကပ်လာရော။
နောက်ဆုံး ငါ၂ခေါက်တိတိ ဖတ်လို့ပြီးသွားတဲ့ချိန်မှာ
နာရီက ၆နာရီခွဲဖို့ ငါးမိနစ်အလိုမှာ။

"ဟူး... မြန်မာစာက ထင်သလောက်လည်းမခက်ပါဘူး"

ငါ့ရဲ့စာရွက်လှန်သံကလွဲပြီး
၂နာရီနီးပါး ဘာစကားသံမှထွက်မလာတဲ့
အခြေအနေမှာ ငါ့ဆီကပဲ
ဘဝင်မြင့်မြင့်လေသံနဲ့ ဝါကျတစ်ကြောင်း
ပထမဆုံး ထွက်လာတယ်။
ခန့်သာအောင်က
စာအုပ်ကိုပဲ စူးစိုက်ကြည့်နေရင်းက
ခပ်ဟဟ ရယ်လာပြီး
ခေါင်းတခါခါ။

ခန့်သာအောင်ရဲ့ အပြုအမူကို
လျစ်လျူရှုရင်း ငါစာအုပ်တွေ
ကောက်သိမ်းနေလိုက်တယ်။
ပြီးတော့ ရေခဲသေတ္တာက အအေးဘူးတွေထုတ်ပြီး
တစ်ဘူးကို သူ့ရှေ့ချထားပေးပြီး
ညစာအတွက် တစ်ခုခုလုပ်ဖို့ထိုင်စဥ်းစားရတယ်။
ဒေါ်ဇူးက ဒီရက်ပိုင်း ညအိမ်ပြန်လာဖို့မသေချာဘူး။
သူ့အမေအိမ်မှာပဲ အိပ်ရင်အိပ်၊
မအိပ်ဖြစ်ရင်တောင် ညနက်မှပြန်လာမယ့်
သဘောပဲ။
သူက ငါ့အဒေါ်ဆိုတာထက်
ငါ့ဦးလေးမိန်းမလို့ပြောရင် ပိုမှန်မယ်။
ဘာမှမတော်ဘူး။

Bullying Is Bad But When She's Just Too Beautiful Where stories live. Discover now