ခန့်သာအောင်အိမ်က သန့်ရှင်းသပ်ရပ်နေတယ်။
အိမ်သေးသေး ခြံကြီးကြီးပုံစံမျိုး။
ပြောရမယ်ဆို နေထိုင်မှုအဆင့်အတန်း
လုံးဝကို မဆိုးဘူး။
လုံးဝကြီးကို မဆိုးဘူး။ဒါပေမယ့် ငါ့အနေနဲ့
ဒါတွေက ဝေဖန်နေစရာအကြောင်းမှမရှိတာ။
ပြောရမယ်ဆို ငါက သူ့အိမ်
ဘာလိုက်လုပ်ရမှာတုန်း။
အိမ်လိုက်လည်ရတာ
ကြိုက်တဲ့လူမျိုးမှမဟုတ်တာ...။ခန့်သာအောင်ရဲ့အိမ်ရောက်တော့
ဧည့်သည်ကို သူရေချိုးတာစောင့်ပြီးမှ
သူအမေလက်ရာ ညစာကို ဧည့်ခံရှာတယ်။
ဒါပေမယ့် ငါကမစားချင်တော့ဘူး။
သူကျွေးတဲ့အကင်တွေ စားပြီး ရင်ကပြည့်ချင်နေပြီ။
ဒါလည်း ခန့်သာအောင်အမေက
ခွံ့မပေးရုံတစ်မယ် ကျွေးလွှတ်တာပဲ။ပြီးတာနဲ့ chessပြိုင်ထိုးမယ်ဆိုပြီး
သံပုရာသီးစိတ်တွေပြင်တယ်။
ရှုံးတဲ့ကောင်က စားရမယ်ပေါ့။
ငါ့မလည်း chessကောင်းကောင်းမထိုးတတ်တော့ အရှုံးပွဲကြီးထပ်။
သူစိတ်ထားတဲ့ သံပုရာသီးတွေလည်း
ပါးစပ်ထဲပြည့်။သံပုရာသီးစိတ်တွေလည်းကုန်ရော။
နဖူးတောက်ကြေးပြောင်းသွားတယ်။
ခန့်သာအောင် မျက်နှာကြီးတော့ ဖြီးနေတာများ...သူက သူမနိုင်နိုင်တဲ့ပွဲလာရင်
ချက်ချင်းပြဿနာရှာပြီး
ပွဲထဖျက်တာ။
Unoတို့၊ဖဲတို့၊မိုနိုပိုလီတို့ဆော့ရင်
နိုင်နိုင်သေးတယ်။
Chessကတော့ ဘယ်လိုပဲကြိုးစားကြိုးစား
ဉာဏ်ကြီးရှင် ခန့်သာအောင်ကို
မနိုင်ရေးချ မနိုင်ပါ။
ဒါက သူဥာဏ်ကောင်းတာကို
ချီးကျူးနေတာမဟုတ်ဘူး။
စောက်ကျင့်မကောင်းတာကို ပြောပြနေတာ။
အနိုင်ကျင့်ဖို့ပဲစဉ်းစားနေရှာတော့
အနိုင်မပေးတတ်တော့ဘူး။ခန့်သာအောင်မကောင်းကြောင်း
တစ်နေကုန်အောင်တွေး။
ဘယ်တော့မှ မပြီးနိုင်ဘူး။စိတ်ချ။
တွေးရင်း အိပ်ပဲငိုက်လာမယ်။
ငါလည်း ဒီလိုနဲ့ ရှုံးပွဲထပ်နေရာက
အိပ်ငိုက်ခဲ့လာတယ်။ငါ့ပါးစပ်ထဲက
သံပုရာသီးဖက်တချို့က မျိုမကျသေးဘူး။
ခံတွင်းချဉ်နေပြီး ပျို့တောင်အန်ချင်တယ်။
ငါ ရှေ့က ကျန်နေတဲ့
အဖုအထစ်ရုပ်ကြွင်းတွေလည်း
ဘာကောင်တွေမှန်း ငါမသိတော့ဘူး။
နုံးအီပြီး အိပ်ချင်နေပြီ။
ငါ အိမ်ပြန်မှကိုဖြစ်တော့မယ်။