"စင်သူရာ! မခန့်သာအောင်က မုန့်စားဆင်းလာတွေ့တဲ့""အင်းးးးးးး နေဦး"
"ဟဲ့ အခုဆင်းနေတာပြန်တက်တော့မယ် မြန်မြန်သွားလိုက်။ ခန့်သာအောင်က စိတ်မရှည်တတ်ဘူး"
စင်သူရာ ထိုကောင်မလေးအားတစ်ချက်
မော့ကြည့်ရင်း မျက်မှောင်ကျုံ့ပြလိုက်တယ်။
ဒီကောင်မလေးက ဘာမှမသိပဲ ဝင်ရှည်နေပြန်ပြီ။
ခန့်သာအောင် ဘာဖြစ်ဖြစ် ဘာလုပ်လုပ်
ငါ့အပူတစ်ခုမှမပါဘူး။
သူစိတ်ရှည်ရှည် မရှည်ရှည် ငါ့အပူမပါဘူး။
ငါ့အပူပါတဲ့နေရာလည်း ငါ့အပူမပါဘူး။
အပူကောင်မကြီးတွေနားလည်း ငါမနေဘူး။
ငါကြိုက်တဲ့အပူဆိုလို့
ပူအိုက်နေတဲ့ရာသီ ကျောင်းပိတ်ရက်၃လလုံး
နေဖင်ထိုးအောင်အိပ်နေရတာပဲ ကြိုက်တယ်။
အဲ့တာကလည်း နွေရာသီမှာပဲအိပ်လို့ရတာမလို့
ကြိုက်တာ။"ပိုက်ဆံ ချေးစမ်းပါ"
စင်သူယာ အပျင်းကြောတွေဆန့်ထုတ်ရင်း
ဒီအမည်မသိ မိန်းကလေးကို
ပိုက်ဆံချေးမိတယ်။
ခန့်သာအောင် ဆက်ကြေးလည်း
နေ့တိုင်းပေးနေရတာ မဟန်တော့ဘူး။
သူလည်း ငါလုပ်မကျွေးရင်
ခွက်ဆွဲရတော့မယ်ထင်တယ်။
မတတ်နိုင်ဘူး။
တတ်နိုင်ရအောင်လည်း
ဒီသောက်ကျိုးနည်း မိန်းမကြီးကို
ငါသည်းခံလာတာ ၁လ၂လမဟုတ်ဘူး။
နှစ်ချီနေပြီ။ငါ့အဖြစ်က အသက်မပြည့်ခင် ကြုံတဲ့လင်
လူဆိုးလူမိုက်နောက်လိုက်ပြေး။
လင်မကောင်းမှုကြောင့်
အကြော်ရောင်း၊ ပန်းရံလိုက် ရှာကျွေးနေရတဲ့
အပူသည်မယားကြီးလိုပဲ။
ပြောကိုး မပြောချင်တော့ဘူး။"ဘယ်နှယ့်နောက်ကျနေတာလဲ စင်သီယာ"
အခု တွေ့နေရတာကတော့
ငါ့ရဲ့ ဆိုးသွမ်းမိုက်ရိုင်းတဲ့လင် ပေါ့။
ဒီလိုပြောရတာ ရိုင်းတော့ရိုင်းတယ်။
တကယ်လည်း ငါက အရိုင်းအစိုင်းပဲဆိုတော့
စိတ်မရှိနဲ့ပေါ့နော့်။အတည်ယူဖို့ ပြောရရင်
တကယ့်အဖြစ်က ဒီလို။
ငါ ၈တန်းမှာ ခန့်သာအောင်နေတဲ့ကျောင်းကို
မှားယွင်းစွာ ပြောင်းလာမိခဲ့တယ်။
ပျော်ရွှင်စရာကောင်းတဲ့နေ့လေးတွေ
တဖြုတ်ဖြုတ် ကြွေဆင်းသွားတာကို
ငါကျောင်းစ,တက်တဲ့ ပထမရက်မှာကတည်းက သတိထားမိခဲ့ပေမယ့် ကာကွယ်ဖို့ မတတ်နိုင်ခဲ့ဘူး။
အားလုံးက ငါ့အမှားတွေပဲ။
မုန့်စားဖို့ လောနေတဲ့ငါ့အပြစ်။
ခြေလှမ်းမမှန်တဲ့ငါ့အပြစ်။
ခန့်သာအောင်ကြီးကိုမှ တည့်တည့်ဝင်တိုးပြီး
ခလုတ်တိုက်တဲ့ ငါ့အပြစ်ပဲ။
အဲ့နေ့က ငါ့ကမ္ဘာမှာ
မဟာပေါက်ကွဲမှုကြီးဖြစ်ခဲ့တာပဲ။
ဒိုင်နိုဆောတွေအစား
ပျော်ရွှင်မှုနဲ့ မုန့်ဖိုးများစွာ ပျောက်ဆုံးသွားခဲ့တယ်။