တစ်ပတ်။
ငါ ခန့်သာအောင်နဲ့ စကားမပြောဖြစ်တာ
တစ်ပတ်။
သူလည်း ငါ့ကိုအတင်း လာဖိအားမပေးဘူး။
ငါလည်း အရင်ပတ်ကလို ဘာသိဘာသာပဲ။
ပန်းသိမ်မွှေ့ကတော့
ငါ့ကို ခိုးကြည့်ခိုးကြည့်ပဲ။
သူလည်း ဘယ်လိုtaste တွေရလဲမသိဘူး။
ကြိုက်စရာရှားလို့ ငါ့မှလာကြိုက်ရတယ်လို့။တကယ်တော့ ငါသူပြောတာတွေစဥ်းစားမိတယ်။
ငါစဥ်းစားရင်းနဲ့ ငါ့ကိုယ်ငါ
ရှားလော့ဟုမ်း ဝတ္ထုပဲ ရောက်သွားသလိုလို။
ငါပြောချင်တာက
ဒီ love Triangleကသိပ်ကို ရှုပ်လွန်းတယ်။
ဘာမှမသိတဲ့ ငါ့အတွက်ပိုရှုပ်တယ်။
ခန့်သာအောင် ငါ့ကို
ပန်းသိမ်မွှေ့နဲ့ ပတ်သက်ပြီး
ဘာမှရှင်းပြမသွားတာလည်း ဆန်းတယ်။
ငါထုတ်ထားတဲ့ သီအိုရီတွေကပထမဆုံးပုံပြင်။ ။ပန်းသိမ်မွှေ့နဲ့ ခန့်သာအောင်က ရည်းစားတွေဖြစ်နေတုန်းပဲ။တစ်နေ့ သူတို့နည်းနည်းပျင်းလာတယ်။အဲ့မှာ သူတို့ အပေးအယူတစ်ခုလုပ်လိုက်တယ်။ကျောင်းရဲ့ ဘယ်သူမှမသိတဲ့ လူlow keyလေးကို ကျော်ကြားအောင် လုပ်ပစ်ဖို့။ အဲ့မှာ ခန့်သာအောင်က ငါ့ကို နှိပ်စက်ကြည့်တယ်။ ကျောင်းတွင်းအကြမ်းဖက်မှုရဲ့ နစ်နာသူအဖြစ် ပါလာပြီး ငါကျော်ကြားသွားမယ်ပေါ့။ ဒါပေမယ့် ကံမကောင်းစွာ ၂နှစ်နီးပါးထိ ဘာမှထူးမလာတော့ ငါ့ကိုလိင်တူချစ်သူတစ်ယောက်ဖြစ်စေပြီး ကျောင်းမှာ ဟိုးလေးတကျော်ကျော်ဖြစ်လာအောင် နည်းပြောင်းလိုက်တယ်။
ဒုတိယပုံပြင်။ ။ခန့်သာအောင်က ပန်းသိမ်မွှေ့ပြောတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီး တကယ့်ဗီလိန်က ပန်းသိမ်မွှေ့ဆိုရင်ရော။ ခန့်သာအောင်ကို အရမ်းကြိုက်မိနေတာက ပန်းသိမ်မွှေ့ဖြစ်ပြီး လက်လွတ်မခံနိုင်တဲ့အခါ ခန့်သာအောင်ရဲ့လက်ရှိမျက်စိကျနေတဲ့ ငါ့ကို အဝေးတွန်းပို့ဖို့ ကောလာဟလဖြန့်တာပဲ။ပြောရမယ်ဆို သူငါ့ကို ဆွဲခေါ်ပြီး အသေအလဲပွားတုန်းက ဘာမှပြစရာမရှိခဲ့ဘူး။ သူ့ပါးစပ်ကပဲ ပြောနေတာ။ ငါနဲ့သူသိနေတယ်ဆိုရင်တောင် ငါသူ့ဘက်ပါသွားရင်ပါသွားမှာ။ အခုဟာက ငါလည်းသူ့ကိုမသိဘူး။
တတိယပုံပြင်။ ။ခန့်သာအောင်နဲ့ ပန်းသိမ်မွှေ့က မဂေးဘူး။ သူတို့မှာ လိင်တူကြိုက်ချင်တဲ့ အစီအစဥ်မရှိဘူး။ သူတို့နှစ်ယောက်လုံးက လူတွေကိုနှိပ်စက်ချင်တဲ့ ဥာဏ်ပဲရှိတယ်။ ထုံးစံအတိုင်း သူတို့ပျင်းနေတယ်။ အဲ့မှာ ငါကခန့်သာအောင်ကို မုန့်ဆိုင်မှာ နပန်းလုံးမိရော(ဝင်ခလုတ်တိုက်မိတာပြောပါတယ်)။ အဲ့မှာ ပစ်မှတ်ရသွားတယ်။ အစကတော့ နည်းနည်း ပံမှန်အခြေခံကျတဲ့ bullying tecလေးတွေပေါ့။ ၂နှစ်ဆိုတော့ နည်းနည်းပျင်းလာပြီ။ အဲ့မှာ ပန်းသိမ်မွှေ့ အကြံရသွားတယ်။ "ဒီလိုဆိုမဆိုးဘူး။ ပျော်စရာကောင်းလိမ့်မယ်။ လုပ်ရအောင်"တွေဖြစ်ပြီး ၂ကောင်လုံး ငါ့ကို ထဖောက်တာပဲ။
YOU ARE READING
Bullying Is Bad But When She's Just Too Beautiful
Roman d'amourYeah I just wrote it