"ငါ ဘာလုပ်ရမလဲ မသိဘူး"
ခန့်သာအောင်က ခပ်ဖြည်းဖြည်း
ငဲ့ကြည့်ရင်း ပြောတယ်။
သူ့ပုံစံက ဇဝေဇဝါနဲ့ပဲ။"ငါရောပဲ"
"နင် ရည်းစားမထားဖူးဘူးလား"
ငါတော်တော်လေး စဥ်းစားပြီးမှ
ခန့်သာအောင်ဘက် မျက်နှာမူရင်း"အေ.."
ခန့်သာအောင်ဆီက
ဖွီးခနဲ ရယ်သံထွက်ကျလာပြီးတယ်။
ဒီရယ်သံကငါ့ကို ပြောင်နေသလိုပဲ။
ရည်းစားမထားဖူးတာချင်းအတူတူတောင်
ငါ့ကျမှအလှောင်ခံနေရတာလား။
စိတ်ထဲမှာ တော်တော်လေး
နေရခက်မိတယ်။ရည်းစားတွေဖြစ်ပြီးရင် ဘာလုပ်ကြတာလဲ။
"ပြောစရာရှိတယ်"
မျက်ခုံးကိုပင့်ပြရင်း
ငါ ခန့်သာအောင်ကို စူးစူးရဲရဲကြည့်မိတယ်။
နင်ကအခုငါ့ရည်းစားပဲ။
အခြေအနေကို မှောက်ရက်ပက်လက်
ဖြစ်အောင်လုပ်ပြမယ်။
စောင့်ကြည့်နေလိုက်စမ်းပါ။
လက်သီးလက်မောင်းသမ်းရင်းပဲ
ငါ့အတွေးတွေက ကျေနပ်စရာသိပ်ကောင်းနေတယ်။"နင်ဒီနေ့ငါ့ကို ပိုက်ဆံမအပ်ရသေးဘူးနော်"
"ဟမ်.... နင့်ဆက်ကြေးက အခုထိမရပ်သေးဘူးလား"
ရည်းစားတွေတောင်ဖြစ်နေပြီလေ။
ပြီးတော့ သူကငါ့ကိုလာကြောင်တာမဟုတ်လား။
သူကသာ
ငါ့မျက်နှာရလာအောင်
အမှတ်တွေရအောင်
စွမ်းဆောင်ပြနေရမယ့်ဟာ ဘာကိုဆက်ကြေးလဲ။
မုန်းစရာ။"မရပ်ပါဘူး... ဘာလို့လဲ။ မပေးချင်ဘူးလား။ ဒါဆို နင့်ချွင်းချက်နေရာမှာသုံးလိုက်လေ။ ငါမတောင်းတော့ဘူး"
"အံမယ်...လူလည်မ။ သူ ဂျင် ပါပေါ့။ ငါနင့်ကို နောက်မှ နာနာနှိပ်ကွပ်ပြမယ်။ စောင်ကြည့်နေလိုက်"
ပြောရင်း ငါ့အိတ်ကပ်ထဲက
ပိုက်ဆံ၁၀၀၀တန်ကို ထုတ်ပေးမိတယ်။
ငါ့အလှည့်ရောက်နေပြီထင်ပေမယ့်
ဒါက တကူးတကအဆင့်ကျော်တက်ရင်း
ပိုပြီးအနာခံရအောင် ဆွဲဆောင်လိုက်သလိုပဲ။မွ!
၁စက္ကန့်...
၂စက္ကန့်...
၃စက္ကန့်...လခွမ်း!
