ဒီတလောအတွင်းမှာ
ငါစိတ်ပျက်စရာဆိုလို့ စာကျက်နေရတာပဲရှိတယ်။
ငါ ဘာကျူရှင်မှမယူထားဘူး။
ငါ့ ရေးစာအုပ်ထဲမှာလည်း စာတစ်လုံးမှ
မရေးထားဘူး။
တစ်ချို့စာအုပ်တွေကပိုဆိုးတယ်။
ငါကျောင်းစတက်ကတည်းက ခုထိ
တစ်အုပ်တောင် ရေးမကုန်တဲ့
ဘာသာတွေလည်းရှိတယ်။
ဖတ်စာအုပ်တွေက မကိုင်ထားသေးသလို
သစ်လွင်နေတုန်းပဲ။
သင်္ချာလုပ်ရတာတော့ နည်းနည်း
တော်သေးတယ် ပြောရမလား။
ငါ ဒီအတိုင်း အပေါ်ယံလောက်ပဲ
နားလည်အောင် သုံးလေးခါဖတ်ပြီးပဲ
သွားဖြေတော့မယ် တွေးထားတယ်။
တအား ပေါ့ပေါ့ဆဆ နေတတ်တာလည်း
ငါ့စောက်ကျင့်ပဲလေ။
အရေးကြီးတာတွေကလွဲရင်
ကျန်တာတွေ အလေးအနက်ထားပါတယ်။"စင်သီလေး စာတွေရနေပြီလား"
"ကြိုးစားနေတာပဲ ငါလည်း"
"ဒီကအမကြီးကို မသိတာရှိရင်လာမေးလို့ရတယ်နော်"
"နှစ်ဝက်မှာ နင်ကျတယ်မှတ်လား"
ငါ့ထိုးသွင်းလိုက်တဲ့ အရှိုက်က
ခန့်သာအောင်ရဲ့ ခေါင်းထိပ်တည့်တည့်ကနေ
ခြေဖဝါးထိအရှိန်နဲ့ သွားရိုက်တယ်။
သူအတော်လေးကို လျော့ရသွားတဲ့ပုံနဲ့"ပြောရက်လေခြင်း"
ဘာလို့မှန်းမသိ ခန့်သာအောင်နဲ့
တွဲနေရတာက ပျော်စရာကောင်းတယ်။"စာလုပ်မလား"
ပြန်မဖြေ။
နှောက်ရတာကို ငါကဓါတ်တွေ့နေပေမယ့်
အနှောက်ခံရတဲ့သူ့မှာ မသက်သာဘူးထင်။
မတတ်နိုင်။ ပျော်စရာကောင်းတာကိုး။
ခန့်သာအောင် စိတ်ကောက်နေတဲ့ပုံကလည်း
အတော်လေး ကြည့်လို့လှတာကိုး။ငါ သူ့ကိုလက်ညိုးနဲ့ ဟိုဟိုဒီဒီတို့ရင်း
ရုပ်တည်နဲ့ပဲ ထပ်စ,နေလိုက်တယ်။
ခန့်သာအောင်ကလည်း
ဒီအတိုင်း သူ့ ခေါင်းကိုဖွက်ထားပြီး
ဘာစကား၊ ဘာအသံမှ မပြုဘူး။
အဲ့ဒီလိုနဲ့ တော်တော်ကြာမှ
သက်ပြင်းချသံနဲ့ သူခေါင်းထောင်လာတယ်။"တော်ပြီ ချော့လည်းမချော့ဘူး။မောတယ်"
"..."
ခြော့တာလား။
ငါ စာလုံးတောင်မပေါင်းတတ်ဘူး။"လာ အခန်းပြန်မယ်။ ထမင်းစားဆင်းရင် ငါနဲ့လာစား။ ကျေအေးပေးမယ် အဲ့တာဆို"