What the heck?!Isn't it kind of psychopath stuff?

3 1 0
                                    

ငါအမြဲ တွေးဖူးတယ်။
မနက်အိပ်ယာထချိန်တိုင်းမှာ
ငါ့အိပ်ခန်းထဲ နေရောင်ခြည်တွေတိုးဝင်နေဖို့။
ဒါပေမယ့် ငါ့အခန်းမှာ
ပြတင်းပေါက်တောင် မရှိပါဘူး။
အမြဲမှောင်မိုက်နေပြီး
ညစ်ပတ် ရှုပ်ပွနေတာပဲ။
ဒါပေမယ့် သန့်ရှင်းသပ်ရပ်ပြီး
ရှင်းနေတဲ့နေရာမှာ ငါနေနိုင်မှာမဟုတ်ဘူး။
ငါ့အခန်းရဲ့ ဗီဇလား၊ သူ့ရဲ့signature လား၊
သူ့စတိုင်၊ သူ့ပုံစံကိုက ဒီလိုပဲ
ရှုပ်ပွနေရမှာ။
ငါတစ်ခုကြိုက်တဲ့အချက်က
ဒီငါ့အခန်းကအမြဲငါ့ကိုနွေးထွေးနေစေတာပဲ။
ငါ့အခန်းနဲ့တူလွန်းတယ်။

"စင်သူရာ!!!!! နင်ကျောင်းမသွားဘူးလား! မြန်မြန်ထွက်ခဲ့စမ်း!"

မနက်ခင်းတိုင်းမှာ ငါ့အခန်းကို
နေရောင်ခြည် တိုးမဝင်နိုင်ပေမယ့်
ငါ့အဒေါ်အသံကတော့
မိုင်ကုန်လှိမ့်ဝင်နေတတ်တာပဲ။
မနက်စာအတွက် တိုဟူးကြော်၃ခုလောက်
သွတ်သိပ်ပြီး ဒီလိုပဲ
ကျောင်းကိုခြေကျင်လျှောက်လာရတာပေါ့။
အရမ်းခက်ခက်ခဲခဲကြီးလည်းမဟုတ်ပါဘူး။
အိမ်နဲ့နီးတဲ့ကျောင်းကို
အလွယ်တကူ ရွေးတက်ထားတာပဲ။

"ဟာ...............ဘာလုပ်မိပြန်ပြီလဲ။ ငါတစ်ပတ်အနားပေးခံထားရတာကို........"

မျက်ချေးနှိုက်ရင်း သမ်းမိနေရင်း
ကျောင်းကြီးကိုကြည့်ရင်း
ငါ ရုတ်ချည်း စိတ်ပျက်လာတယ်။

"Everybody's got to live..Everybody's got to die..."

ငါ့ကိုယ်ငါနှစ်သိမ့်ရင်း
သီချင်းတစ်ပုဒ်ကို
ညည်းညူနေရင်း
အိမ်ပြန်လမ်းကို မျက်နှာမူမိတော့

တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ပဲ

"ပန်းသိမ်မွှေ့"

နှစ်လိုဖွယ် ပြုံးပြပြီး
အရမ်းကို ပျော်ရွှင်သွားတဲ့ပုံနဲ့
သူက ငါ့ဆီကို ခပ်မြန်မြန်လျှောက်လာနေတယ်။

"မှတ်မိသွားပြီလား"

ငါ ခပ်ကြောင်ကြောင်ကြီးပဲ
သူ့ကိုကြည့်နေမိပြီးတော့
ဘာစကားမှ ထွက်မရဘူး။
သူ ဘာလို့ကျောင်းထဲကိုမဝင်သေးတာလဲ။
နောက်တောင်ကျနေပြီ။
တကယ်ဆို ရပ်စကားပြောဖို့အထိလည်း
ငါတို့က ခင်မနေဘူး။
အကယ်၍ ငါသာသူဆို
ဒီအတိုင်း ခေါင်းပဲညိတ်ပြပြီး
ဖြတ်လျှောက်သွားမိလောက်တယ်။

Bullying Is Bad But When She's Just Too Beautiful Where stories live. Discover now