I will sacrifice my whole life for my little princess

4 1 0
                                    

စိတ်ပျက်သွားတာလား။
စိတ်ကုန်သွားတာလား။
နည်းနည်းလေး လှိုက်တက်လာတဲ့ ခံစားချက်နဲ့အတူမျက်ရည်ဝဲလာပေမယ့်လည်း
ငိုတော့မငိုချမိဘူး။
ခပ်ဖြေးဖြေး သူ့ဘေးမာဝင်အိပ်ရင်း
ငါဘာမှဆက်မတွေး၊ ဆက်မလုပ်မိတော့ဘူး။
ကြိုးစားစရာမလိုပဲ အိပ်ပျော်သွားပါစေ
ဆုတောင်းရင်း ငါဂဏန်းတွေ ရည်တွက်နေမိတယ်။
၁...၂..၃...၄...၅...၆...၇...၈

"စင်သီ! ထ!"

"အမ်..ဟင်.."

"ထ! ငါတို့ကျောင်းနောက်ကျနေပြီ"

ခန့်သာအောင်က ငါ့ကိုအရေးတယူလုပ်
နိုးနေတာမျိုးမဟုတ်တော့ဘူး။
အခန်းထဲ ပြေးလွှားရင် ပါးစပ်ကိုလည်း
အလုပ်ပေးထားတာ။

"မြန်မြန်! မြန်မြန်"

ငါ ကြောင်တောင်တောင်ကြီးထလာပြီး
ခန့်သာအောင်ကိုသာငေးနေမိတယ်။
ငါဘာမှဆက်လုပ်လို့မရဘူး။
ကျောင်းဝတ်စုံတွေပါမလာဘူး။
လွယ်အိတ်လည်းမပါလာဘူး။
ဒီနေ့ကသောကြာနေ့။
မနက်ဖြန်ပိတ်မယ့်အတူတူ
ငါဒီနေ့ကျောင်းမသွားတော့ဘူး ဆုံးဖြတ်လိုက်တယ်။

ဆုံးဖြတ်ချက်ချပြီးတာနဲ့
အိပ်ယာပေါ်ပြန်လဲချရင်း အပျင်းကြောလေးတွေ
ဆွဲဆန့်-

"စင်သီယာ! ထဟ! ၉နာရီခွဲနေပြီ။ ဒုက္ခပဲ"

"တော်ပြီ ငါမသွားတော့ဘူး"

ငါ့အဖြေကြားပြီးတော့ ခန့်သာအောင်က
ငြိမ်ကျသွားတယ်။
ပြီးမှ ငါ့ဘေးနား ပင်ပင်ပန်းပန်းနဲ့
ထပ်လာလှဲရင်း

"စိတ်ချမ်းသာလိုက်တာ"

ပြုံးပြုံးရွှင်ရွှင်ပြောလာပြန်ရော။
ငါခေါင်းကို စိတ်ညစ်ညစ်ကုတ်ရင်း
ခန့်သာအောင်ရဲ့ ရူးပုံရူးနည်းကို အရှုံးပေး
လက်မြှောက်လိုက်တော့တယ်။

နီးကပ်နေတဲ့ စာမေးပွဲနေ့ရက်များကို
အပူအပင်မရှိ မေ့ပြီး သူများအိမ်မှာ
နေဖင်ထိုးတဲ့အထိ ပျော်ပျော်ကြီးအိပ်မိသွားတယ်။
ငါ နောက်ထပ်နိုးလာတဲ့ချိန်က
နေ့လည်ထမင်းစားချိန်ကိုတောင် ကျော်နေပြီ။
အိပ်ယာပေါ်က ငါ့ထက်စောပြီး ထသွားပုံရတဲ့
ခန့်သာအောင်ကိုရှာမနေတော့ဘဲ
အိမ်ကိုပဲ တိတ်တိတ်လေးပြန်လာလိုက်တော့တယ်။

Bullying Is Bad But When She's Just Too Beautiful Where stories live. Discover now