" Day က ဘယ်ကိုရောက်သွားတာလဲ ? "သူတို့အိမ်ထဲကို ခြေစချလိုက်တာနဲ့ သတ်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ရဲ့ဆူပူသံကို စကြားရတော့သည်။ သူ့ကိုအိမ်ပြန်ခေါ်လာပေးတဲ့လူဆီက ခပ်ဖွဖွညည်းညူလိုက်တဲ့အသံကိုလည်း Day ကြားလိုက်ရသည်။
အသံကျယ်ကျယ်နဲ့ ဆူပူနေတာက သူ့အမေပါပဲ။ သူ့ရဲ့အမေကို Mhok က သိနေရင်တောင် မထူးဆန်းပါဘူး။ ဘာလို့ဆို သူ့အမေက နိုင်ငံကျော်စာဖိုးမှူးဖြစ်နေကြောင့်လေ။
" အားလုံးက ကျွန်တော့်အမှားတွေပါ အမေရယ်.."
လို့ Day ရဲ့အစ်ကိုက သူ့အမေထံ ရှင်းပြနေသည်။" မင်း ဒီလို သနားစရာကောင်းချင်ယောင်ဆောင်နေတာကို ရပ်လိုက်လို့ရမလား? "
Day က စိတ်ပျက်လက်ပျက်နဲ့ ဝင်ပြောလိုက်မိသည်။
" ငါ့ဘာသာ ဆေးရုံက ထွက်သွားတာ၊ ပြီးတော့ ငါ့ကို ကူညီမယ့် လူကောင်းတစ်ယောက်နဲ့တွေ့ပြီး သူက အိမ်ပြန်လိုက်ပို့ပေးတာ။ "
Mhok ဘက်ကို လက်ညှိုးထိုးပြရင်း Day က ရှင်းပြလိုက်သည်။
" ဘာဖြစ်လို့လဲ Day ရယ်၊ သား ဘယ်ကို သွားခဲ့တာလဲ၊ ဘာလို့ လျှောက်သွားရတာလဲ၊ တစ်ခုခုဆိုရင် ဘာလို့ အမေ့ကို အရင်မပြောရတာလဲ၊ သားသာ တစ်ခုခုဖြစ်သွားရင် အမေ ဘယ်လိုလုပ်ရမှာလဲ ? "
သူ့အမေ့ရဲ့အသံမှာ ပူပန်သောကတွေအပြည့်နှင့်။
" ကျွန်တော် တစ်ခုခုဖြစ်သွားရင် အမေ ဘာမှလုပ်စရာမလိုပါဘူး၊ ကျွန်တော်က အရင်ထဲက ဒီလိုပဲ၊ ဆရာဝန်က လနည်းနည်းကြာရင် ကျွန်တော် လုံးဝ မျက်လုံးကွယ်သွားတော့မှာတဲ့၊ ကျွန်တော့်ကို ဘယ်သူက ကူညီနိုင်မှာမို့လဲ၊ နောက်ဆုံးကျရင် ကျွန်တော့်ကိုယ်ကျွန်တော်ပဲ အားကိုးရမှာလေ !! "
ပြောရင်းနဲ့ သူ့အသံက နည်းနည်းကျယ်သွားသည်။ အဆုံးသတ်မှာ အော်ပြောသလိုဖြစ်လုနီးပါပင်။
အဲ့ဒီအခိုက်အတန့်မှာ သူ့ရဲ့ခံစားချက်တွေအကုန်လုံးကို ပေါက်ကွဲလိုက်မိသည်။ အမှန်ဆို Day စိတ်ထဲမှာ နားလည်ထားပြီးသားပါ။ သူ့အမေမှာ ဘာအမှားမှ မရှိဘူးဆိုတာ။ သူမက Day ကို အမြဲဂရုစိုက်ပေးခဲ့တဲ့သူဖြစ်နေတာတောင် သူ့အတွက်တော့ စိတ်ထိခိုက်သလို ခံစားနေရတုန်းမို့ အော်ဟစ်သောင်းကျန်းပစ်လိုက်ချင်သည်။ သူ့ရဲ့အခုလိုအကျင့်တွေက ဆိုးမှန်းသိပေမယ့် သူလည်း သူ့ရဲ့နာကျင်မှုကို မျှဝေဖို့ တစ်စုံတစ်ယောက်ကို လိုအပ်နေရုံပါ။