လိုက်ကာကို ကြမ်းကြမ်းဆွဲဖွင့်လိုက်တဲ့အသံက အိပ်မောကျနေတဲ့ Day ကို နိုးသွားစေသည်။ မှန်ပြင်တင်းဘက်ကနေ အလင်းရောင်ဝင်လာပုံထောက်ရင် မနက်ခင်းကို ရောက်နှင့်ပြီးနေပြီ။ သူ့ကို သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ နှိုးလိုက်တဲ့သူက တစ်ခြားသူမဟုတ်ပါဘူး။ Mhok ပါပဲ။ စောင့်ရှောက်သူအသစ်ဟာ သူရောက်ပြီဖြစ်ကြောင်းအသိပေးချင်နေတာဖြစ်လောက်ပြီး ရင်းနှီးနေတဲ့ဆေးလိပ်အနံံ့ဟာ အခန်းထဲမှာ ပျံ့နှံ့လျက်။ သူက မကြာသေးခင်ကပင် ဆေးလိပ်သောက်ထားသည်ထင်သည်။ အနံ့က အရမ်းလည်း မပြင်းနေဘဲ ဆေးလိပ်သမားဖြစ်တယ်ဆိုတာ သိသာရုံလေး။ ဆေးလိပ်နံ့ဆိုတာထက် အဲ့တာက ရေမွှေးနံ့တစ်ခုလိုမျိုးနဲ့ ပိုတူသည်။ အရမ်းကြီး ကောင်းတဲ့အနံ့မျိုးမဟုတ်ပေမဲ့လို့ပေါ့။" မျက်စဉ်းခတ်ဖို့အတွက် အချိန်ရောက်ပြီ။ "
" သိတယ်၊ နှိုးစက်ကြီးလို ခနခန ပြောမနေနဲ့ ! "
သူက ပြန်ပြောလိုက်သည်။
စစချင်းမှာ သူအကောင်းမမြင်ခဲ့တဲ့ စောက်ရှောက်သူအသစ်ဟာ သူထင်ထားတာထက်ကို ပိုစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတာကို သူသိလာရသည်။ သူ့နေရာမှာ တစ်ခြားသူတွေဆို Day ရဲ့ဒုတ်ထိုးအိုးပေါက်အပြောတွေကြောင့် ဒေါသထွက်သွားတတ်ကြသည်။ တစ်ချို့ဆို ပထမနေ့မှာတင် လက်လျှော့ကာ အလုပ်ထွက်သွားကြသည်။ ဒါပေမဲ့ Mhok ကတော့ မတူဘူး။ Day ကသူ့ကို ပြောဆိုနေပေမယ့်လည်း အဲ့တာက နံရံကို ပြောဆိုနေရသလိုပဲ။
Day က ရွဲ့ပြီးပြောတဲ့အခါမျိုးဆိုလည်း သူက ရွှတ်နောက်နောက်နဲ့ ပြန်ပြောတတ်သည်။ ဒီလိုလူမျိုးနဲ့ဆက်ဆံရတာ တကယ်ကို ခက်ခဲလွန်းသည်။ ပြီးရင် ရောက်လာတာနဲ့ သူ့ကို အမြဲ ဒါလုပ် ဟိုဟာလုပ်နဲ့ လိုက်ပြောနေပြန်တာပဲ။ ပထမကတော့ သူလည်း ပြန်ခံပြောပေမယ့် နောက်ပိုင်း သူပြန်ပြောလေလေ ပိုဆိုးလာလေပဲ။ Mhok ဘက်က လုံးဝအလျှော့မပေးတာကြောင့်လေ။ သူဒီလောက် ငြင်းနေတဲ့ကြားကတောင် Mhok က သူ့ကို ရေချိုးပေးဖို့ လုပ်မတတ်ပဲ။
" ကျွန်တော့်ဆီကို ပေး ! "
Day က Mhok လက်ထဲမှာရှိတဲ့ မျက်စဉ်းဘူးကို လှမ်းယူလိုက်သည်။ သူ့ရဲ့မျက်ကြည်လွှာက အရမ်းအကောင်းကြီးဟုတ်မနေပေမယ့်လည်း နည်းနည်းတော့ သုံးလို့ရသေးသည်။ မျက်စဉ်းက သူ့မျက်လုံးအတွင်းကဖိအားကို ပုံမှန်ပြန်ဖြစ်စေပြီး အမြင်အာရုံကို ခနတာ ကြည်လင်အောင် လုပ်ပေးနိုင်သည်။ အထူးသဖြင့် ခတ်ပြီးပြီးချင်း ပထမဆယ်စက္ကန့်မှာ ပိုရှင်းအောင် မြင်ရသည်။ ပုံရိပ်တွေကို ရှင်းရှင်းလင်းလင်းမြင်ရတာမို့ တစ်ခါတစ်လေကျ သူ့မျက်လုံးဒီလိုဖြစ်သွားတာက အိပ်မက်တစ်ခုလို့တောင် ထင်ရသည်။ ဒါပေမယ့် အဲ့တာက ဆယ်စက္ကန့်လောက်ပါပဲ။