" ကျွန်တော်ပြောလိုက်တာကို August ကြားသွားမယ်လို့ အစ်ကိုထင်လား ? "နောက်တစ်နေ့ရောက်တော့ Day က Mhok ကို မေးသည်။ ညက သူအရမ်းမူးနေပေမယ့်လည်း သူ တစ်ခုခုကို မတော်တဆနဲ့ ပြောထွက်မိသွားတဲ့အကြောင်းကိုတော့ သူမှတ်မိပါသည်။ အဲ့ဒီအချိန်အတိအကျမှာ စားသောက်ဆိုင်ထဲကို August ရောက်လာမယ်လို့ သူမထင်ထားခဲ့ဘူး။
Day က မူးပြီး အိပ်ပျော်ချင်ယောင်ဆောင်လိုက်တာမို့ Mhok ကပဲ သူ့ကို အိမ်အထိ ပြန်ခေါ်သွားပေးခဲ့ရသည်။ အမှန်တကယ်တော့ သူအများကြီးသောက်လိုက်ပေမယ့်လည်း အသိစိတ်ပျောက်တဲ့အထိတော့ မူးမနေပါ။
မှတ်ဉာဏ်တွေကဝေဝါးနေပေမယ့်လည်း August က လေ့ကျင့်ရင်း လက်ကို အပြင်းအထန်ထိခိုက်မိသွားတာကြောင့် ဆေးရုံကိုတတ်နိုင်သမျှ အမြန်ဆုံးသွားလိုက်ရကြောင်း၊ သူ့ဖုန်းကလည်း locker ထဲမှာကျန်နေခဲ့တာမို့ သူ့ဖုန်းဝင်တာကိုမသိခဲ့ကြောင်း သူသိခဲ့ရသည်။ သူမတော်တဆဖွင့်ပြောမိသွားတာကလွဲ ကျန်တာတွေတော့ အကုန်အဆင်ပြေခဲ့ပုံပါပဲ။
" အစ်ကိုလည်း မသိဘူးလေ။
အစ်ကိုက သူ့ကို ကျောပေးပြီးထိုင်နေတာမို့။ "Mork ရဲ့အသံက ထူးဆန်းစွာနဲ့ နူးညံ့နေသည်။
" အစ်ကို ကျွန်တော့်ကို လိမ်နေတာတော့
မဟုတ်ဘူးမလား။ "Day က သံသယတစ်စွန်းတစနဲ့ မေးလိုက်သည်။
" မဟုတ်ပါဘူး။
အစ်ကိုက ဘာလို့ မင်းကို လိမ်ရမှာလဲ။ "ဒါပေမယ့် Mhok ရဲ့အသံမှာ တစ်ခုခုက မူမမှန်ဘူးလို့ သူဘာလို့ထင်နေရတာလဲ။
" ကျွန်တော့်ရဲ့အနားကို
ခနလောက်လာပေးလို့ရမလား။ "Mhok သူ့နားကို ရောက်လာအောင် Day က အသံခပ်နိမ့်နိမ့်နဲ့ ဟန်ဆောင်ပြောလိုက်သည်။
Mhok က သူ့လက်ကလွတ်အောင်လို့ အခန်းရဲ့ထောင့်မှာထိုင်နေခဲ့တာဖြစ်သည်။ Mhok သူ့နားရောက်လာတာနဲ့ Day က Mhok ရဲ့မျက်နှာကို သူ့လက်တွေနဲ့ထိန်းကိုင်ကာ သူနဲ့နီးကပ်သည်အထိဆွဲယူလိုက်သည်။
သူတို့နှစ်ယောက်ကြားက အကွာအဝေးက တစ်လက်မလောက်ပဲကွာတော့တဲ့အချိန်မှာ Day က Mhok ရဲ့မျက်လုံးတွေနဲ့ အကြည့်ချင်းဆုံလိုက်သည်။ မျက်ဝန်းတွေကတစ်ဆင့် သူ့ရှေ့မှာရှိနေတဲ့လူ ဘယ်လိုခံစားနေရလဲဆိုတာ သူခန့်မှန်းကြည့်ပေမဲ့ တစ်ဖက်လူကတော့ August ကိစ္စအပေါ် ဘာတုံ့ပြန်မှုမှမရှိသလိုပဲ။