" Khun ! Khun ! Khun Day !! "[ Khun = လေးစားသမှုနဲ့ထည့်ခေါ်သည့် အသုံးအနှုန်း ]
ထိုခေါ်သံက Day ကို အတွေးလွန်နေရာမှ လှုပ်နှိုးလိုက်သည်။ ခြောက်ကပ်နေတဲ့လည်ပင်းကြောင့် တံတွေးတစ်ချက်မြိုချကာ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ရင်း အသံလာရာဘက်ကို ခေါင်းလှည့်လိုက်မိသည်။
" Phi Aon " [ Phi = အစ်ကို ]
သူရှေ့မှာရှိနေတဲ့ဒီလူကို သူက Khun Aon ဒါမှမဟုတ် Phi Aon လို့ခေါ်တတ်သည်။ Phi Aon က မျက်စိအမြင်အာရုံချို့ယွင်းတဲ့သူတွေအတွက် ဖွဲ့ထားတဲ့ အဖွဲ့အစည်းရဲ့ volunteer တစ်ယောက်ဖြစ်သည်။ မျက်စိမမြင်တဲ့သူတွေ၊ မကြာခင်မှာ မျက်စိအမြင်အာရုံဆုံးရှုံးဖို့ဖြစ်နိုင်ချေရှိတဲ့လူသစ်တွေအတွက် အတွေ့အကြုံမျှဝေပေးတာမျိုးတွေ၊ ဘဝနေထိုင်နည်းမျှဝေပေးတာတွေလည်း လုပ်ပေးသည်။
သူ့အမြင်အာရုံချိူ့ယွင်းမှုနဲ့ပက်သတ်ပြီး ပြောစရာရှိတဲ့အခါ သူ့အစ်ကိုနဲ့သူ့အမေကိုပြောတာထက် Phi Aon ကို ပြောတာက ပိုပြီးတော့ စိတ်သက်သာရာရသည်ဟု Day ခံစားရသည်။
" Phi က ကျွန်တော့်ကို Khun လို့ခေါ်လိုက်တာလား။ အိုး လှန့်အောင်မလုပ်ပါနဲ့ဗျာ။ "
Day က မကျေနပ်သယောင်ပြောလိုက်သည်။
" ကျွန်တော်လည်းမခေါ်ချင်ပါဘူး။ ဒါပေမယ့် ကျွန်တော် မင်းကို တုတ်ကောက်နဲ့လမ်းလျှောက်ဖို့ကို လေးကြိမ် ငါးကြိမ်မက လေ့ကျင့်ခိုင်းပြီးနေပြီကို။ အခု ကြည့်။ တိတ်တိတ်လေး ကျွန်တော့်အနားကို ရောက်လာတာ။ ကျွန်တော်သာ မျက်လုံးကွယ်တာ မကြာသေးတဲ့သူဆို မင်းကို သရဲလို့ထင်မိတော့မှာ။ မင်းက ကျွန်တော့်ကို လှည့်စားမလို့မလား ? ဒါပေမယ့် နှမြောစရာပဲ။ ကျွန်တော်က မျက်လုံးကွယ်နေတာ အတော်လေးကို ကြာနေပြီမို့ ကျွမ်းနေပြီဗျ။ "
Aon က ပေါ့ပေါ့ပါးပါးပဲ ပြောလာပေမဲ့ အမှန်တကယ်တော့ သူက Day ထက် အသက်ဆယ်နှစ်နီးပါး ပိုကြီးသည်။
" Khun ထပ်ကြိုးစားကြည့် "
Day က တစ်ဖက်လူကမ်းပေးတဲ့တုတ်ကောက်ကို လှမ်းယူလိုက်သည်။