" Khun Day ! အများကြီးလျှောက်မတွေးပါနဲ့ဗျာ။ မင်း အကောင်းဆုံးလုပ်ခဲ့ပြီးပြီပဲ။ သူ့အတွက်လည်း အချိန်လိုမှာပေါ့။ မင်းရဲ့သူငယ်ချင်းက စိတ်ဆိုးရုံလောက်ပဲနေမှာပါ။ ခေါင်းအေးအေးထားပြီး တစ်ညအိပ် နှစ်ညအိပ်လောက် စဉ်းစားပြီးရင် သူနားလည်သွားမှာပါ။ မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့အကြောင်းကို သေချာသိသွားမှာပါ။ အဲ့ဒီအခြေအနေမျိုးမှာ ဘယ်သူကများ စိတ်အေးအေးထားပြီး ကိုင်တွယ်နိုင်မှာမို့လဲ။ "Aon က Day ကို မျက်မမြင်တွေသုံးတဲ့အက္ခရာတွေသင်ကြားပေးရင်းနဲ့ ပြောသည်။ Day က မျက်မမြင်တွေသုံးတဲ့အခြေခံအက္ခရာတွေကို သင်ယူခဲ့ပြီး အခုဆို အရေးတောင်လေ့ကျင့်နေပြီ။ စာရေးကိရိယာက စာရွက်ကိုထိခတ်သွားတဲ့အသံရယ်၊ စိတ်အေးစေတဲ့ဂီတသံလေးရယ်က အခန်းထဲမှာ ပျံ့လွင့်နေသည်။
" နှစ်ညလောက်လား ? အခုဆို တစ်ပတ်ကျော်သွားပြီ Phi Aon ရဲ့။ သူ သရဲဖြစ်သွားပြီတောင် ကျွန်တော်ထင်နေတာ။ "
Day က အထွန့်တက်လာသည်။
" မဖြစ်သေးတဲ့အရာတွေကို ကြိုတွေးပြီးစိတ်ညစ်မနေပါနဲ့ကွာ။ ကျွန်တော်တို့ဘဝထဲမှာရှိတဲ့သူတွေကို အမြဲတွယ်ကပ်နေလို့မှမရပဲလေ။ ၊တစ်ယောက်ယောက်က ထွက်သွားချက်တယ်ဆို သွားခွင့်သာပေးလိုက်။ ကျွန်တော်တို့ဘက်က ဘညမှတတ်နိုင်တာမရှိဘူးလေ။ Khun Day ကျွန်တော်ပြောတာကို နားလည်တယ်မလား။ "
Aon က ပြောပြီးနောက် သူ့ရဲ့သီချင်းကိုသာ ဆက်ညည်းနေသည်။ တစ်ဖက်မှာထိုင်နေတဲ့ Day နဲ့ Mhok မရယ်ပဲမနေနိုင်တော့။ တကာ်ဆိုရင် Aon ပြောတာတွေက မှန်ပါသည်။ သူလုပ်နိုင်တဲ့တစ်ခုတည်းသောအရာက သူ့တွဲဖက်ရဲ့ဆုံးဖြတ်ချက်ကို နားလည်ပြီး လက်ခံနိုင်ဖို့ Day ကြိုးစားဖို့ပါပဲ။
" Khun Aon အခုတလော ပိုကြည့်ကောင်းလာတယ်နော်။ တစ်ယောက်ယောက်ဆီက ဆွဲဆောင်ခံလိုက်ရပြီလား။ မယုံနိုင်စရာပဲဗျာ။ "
Mhok က စနောက်လိုက်သည်။
" ဒါပေါ့ကွာ။ အချစ်မှာ ပျော်ဝင်နေတဲ့သူတွေက အသက်တောင် ငယ်သွားသလိုပဲဆိုတာ မင်းကြားဖူးတယ်မလား ? "