အပိုင်း - (၉) _Zawgyi

112 4 0
                                    






''လောင်ဝမ်း......ငါ့ကိုသူကြီးခေါ်တာပြောဖို့လာတာကို ငါ့ကိုထင်းလာခွဲကူနေတယ်ပေါ့.....မင်းစိတ်မှန်သေးလား....အခုကြည့် ငါ့ကိုသူကြီးအပြစ်ပေးတော့မယ်.....အဲ့တာမင်းကြောင့်....''

လောဝ်ဝမ်းကတော့ဘာသံမှမထွက်ဘဲ ရယ်ရင်းနဲ့ လွန်းအားခေါင်းသာခါပြနေသည်။

ထိုစဉ်သူကြီးဦးစံလှဟာ အခြေအနေကိုသဘောပေါက်လိုက်သည်။

''တော်တော့.....လွန်း....ငါသိသွားပြီ.....အခုလည်း မင်းသဘောနဲ့မင်းလာတာမလား အိုက်ဝမ်းပြောလို့မဟုတ်ဘဲ.....အဲ့တော့အပြစ်မပေးဘူး....''

''ဟုတ်ကဲ့....သူကြီး......''

ထို့နောက် လွန်းဟာ လောဝ်ဝမ်းဘက်လှည့်၍လောဝ်ဝမ်းအား အပြစ်တင်လေသည်။

''တွေ့လား...မင်းကြောင့် ငါအပြစ်ပေးခံရတော့မလို့....တော်သေးတယ်....''

ထို့နောက်သူကြီးဘက်ပြန်လှည့်ကာ သူကြီးပြောတာပြန်နားထောင်လေသည်။

''အေး....ဒီကောင်က မင်းကိုငါအလုပ်တွေခိုင်းတာမမြင်ချင်လို့ တမင်မပြောတာနေမှာ.....''

''ကျွန်တော်သူ့ကို သေချာဆုံးမလိုက်ပါမယ် သူကြီး....''

''သူက ငါ့သားနော်....မင်းဘယ်လိုဆုံးမမှာတုန်း သူကြီးရဲ့သားကို....''

''သူရဲ့သူငယ်ချင်းအနေနဲ့ပေါ့....သူကြီးကလည်း.....သူ့ကိုနိုင်တဲ့အကွက်တွေအကုန် ကျွန်တော် သိတယ်....''

''ဒီအတွဲလည်း......ငါ့သားဖြစ်နေတော့ ပြောရလည်းခက်ကွာ..........အေး....အေး......ပြောမဲ့ကိစ္စက ဒီလိုဟေ့.....ညနေခင်းဘက် ငါတို့ရွာကို အလယ်ပြည်က ငါ့မိန်းမရဲ့ညီမကွာ ဆေးဆရာမဆိုလား၊ပရောဂဆရာမဆိုလားမသိပါဘူး အဲ့တစ်ယောက်ရယ်သူ့တပည့်မလေးတစ်ယောက်ရယ်ရယ် လာမှာတဲ့....အဲ့တာ သူတို့ကို ဟိုဟိုဒီဒီလိုက်ပြဖို့ မင်းကိုတာဝန်ပေးမလို့ကွာ....''


''ဪ.....အဲ့တာဘဲလား.....''

''အေး.....အဲ့တာမင်းရဲ့စကားပြန်ကိုစောင့်နေတာ.....မင်းမလုပ်ချင်လည်း တစ်ခြားတစ်ယောက်ကိုခိုင်းမလို့.....''

နှောင်းတရိပ်ရိပ် ချစ်ကျွမ်းဝင်Where stories live. Discover now