အပိုင်း - (၁၅) _Unicode_

417 25 0
                                    



ပရဏ်လွန်း၏စကားကြောင့် စော်ဘွားကြီးစိုင်းစွမ်ဟန်ဟာ ဆွံ့အသွားသကဲ့သို့ မည်သည့်စကားလုံးမှပြောမတတ်တော့ချေ။​သူ့စိတ်ထဲတွင် အခုမှတွေ့ကြသူအချင်းချင်း ဘာကြောင့်များ သည်လောက်အထိယုံကြည်ပြီးကူညီနေရသလဲဆိုတာဟာ မေးခွန်းတစ်ခုဖြစ်နေသည်။ထပ်မံ၍တွေးဆရပြန်လျှင် သူ့ကိုယခုလိုကူညီခြင်းဟာ ပရဏ်လွန်းအား မင်းပြစ်မင်းဒဏ်လည်းသင့်နိုင်သေးလေသောကြောင့် သူ့စိတ်ထဲမည်သည့်အရာမျှရှင်းလင်းမနေချေ။သို့သော်သေချာသည်တစ်ခုကတော့ သူဟာ ပရဏ်လွန်းဟာ သူ့ကိုအန္တရာယ်ပေးမဲ့သူမဟုတ်မှန်း စိတ်ထဲကသိနေလေသည်။



အတွေးများစွာတွေးတောပြီးနောက်မှာတော့ စိုင်းစွမ်းဟန်ဟာ လူ့၏နောက်လိုက်အပေါင်း၏အခြေအနေများကိုလည်းကြည့်ပြီး အားလုံး၏အဆင်ပြေဖို့ကိုသာ ဦးစားပေးတွေးလိုက်လေသည်။

''ကျုပ်.....''

စိုင်းစွမ်ဟန်၏နှုတ်မှထွက်ပေါ်လာသည့်စကားသံကြောင့် ကျွန်းသစ်တောကြီးကို ကြည့်နေသည့် ပရဏ်လွန်းဟာ စော်ဘွားကြီး၏ဘက်သို့လှည့်လိုက်ကာ ပြောလာမည့်စကားကို အတည်ပေါက်နားထောင်နေသည့် မျက်ဝန်းများဖြင့်ကြည့်လိုက်လေသည်။

''ကျုပ်......လွန်းကိုယုံကြည်တယ်။ကျုပ်တို့တွေ့တာက တစ်ရက်တာမပြည့်သေးရင်တောင်မှ ကျုပ်ရဲ့ဆဌမအာရုံက ခင်ဗျားဟာ ကျုပ်ယုံကြည်ရတဲ့လူမျိုးလို့ ပြောနေတယ်။ဒါကြောင့် လွန်း.....ကျုပ် ခင်ဗျားကိုယုံကြည်လိုက်မယ်....''

''ကောင်းပါပြီ.....နေရောင်လည်းရှိသေးတာမလို့ လှုပ်နိုင်ရှားနိုင်၊သယ်နိုင်မနိုင်တဲ့ ယောက်ျားသားများနဲ့ မျက်စိရှေ့က သစ်တောအစပ်ကလေးကို တစ်ချက်တီးစာလောက်ကလေး သန့်ရှင်းရေးလုပ်ကြတာပေါ့......''

''ကောင်းပါပြီ လွန်း....ကျုပ်အခုချက်ချင်းစုရုံးလိုက်ပါ့မယ်....''

သို့နှင့် စော်ဘွားကြီးစိုင်းစွမ်ဟန်ဟာ ယောက်ျားသားများကိုခေါ်ရန်ထွက်သွားလေသည်။ပရဏ်လွန်းဟာ စိုင်းစွမ်ဟန်ခံစားနေရသည်များကို အကဲခပ်နိုင်သော်လည်း ဘာမှမပြောဘဲ သူ့မူလနှင့်သူနေလေသည်။စော်ဘွားကြီးထွက်သွားသည်နှင့် ပရဏ်လွန်းသည်လည်း တောစပ်ဘက်သို့ဦးတည်ကာ လမ်းလျှောက်သွားလေသည်။ထို့နောက် ကျေးငှက်တောကောင်အသံများဆူညံနေသည့် ကျွန်းသစ်တောကြီးရှိသည့် အနောက်ဖက်အားမျက်နှာမူ၍ တည်ငြိမ်ကာအေးစက်သည့်မျက်ဝန်းညိုညိုများနှင့် ကြည့်လိုက်ပြီး နှုတ်မှစကားတစ်ခွန််းကို တိုးသာစွာပြောလိုက်လေသည်။

နှောင်းတရိပ်ရိပ် ချစ်ကျွမ်းဝင်Where stories live. Discover now