အပိုင်း - (၁၈) _Unicode_

491 20 1
                                    


''.....သူကြီးရေ.....ခပ်သွက်သွက်သာပြေး....တော့်.....ကျုပ်ကတော့ ဒီမယ် ထမိုးအိုး(ထမင်းအိုး)ငှဲ့ရင်းတန်းလန်းကြီးဖြစ်တာရယ်.....မိန်းမသားဖြစ်တာရယ်ဆိုတော့.....သူကြီးကိုသာ အားကိုးမယ်တော်....''


ထွားကြိုင်ကြိုင်ဆိုသည့် မိန်းမငယ်လေးဟာ သူကြီးအိမ်၏မြောက်ဖက်ကပ်ရပ် မီးဖိုချောင်ထဲကနေ လှမ်းအော်ကာပြောလေသည်။ရဿနှင့်ပရဏ်လွန်းတို့ကတော့ နွားအကန်ခံလိုက်ရတဲ့ မော်စီတုန်း ဆိုတဲ့အမျိုးသားထံသို့သွားလေသည်။ကိုမော်စီတုန်းတို့ဝိုင်းဟာ သူကြီးအိမ်မြောက်ဖက်ကပ်ရပ်ကိုမှလှည်းလမ်းသာ ခြားသည်ဖြစ်၍ အချိန်အကြာကြီးမကြာလိုက်ဘဲ ချက်ချင်းရောက်သွားလေသည်။ ရဿတို့ရောက်သည့်အချိန်တွင် နွားမကြီးဟာ သူ့ဘာသာသူငြိမ်ကာနေလေပြီး ကိုမော်စီတုန်းကတော့ ပေါင်ရင်းနားကိုလက်နဲ့ဖိကာ နေလေပြီး အသံတောင်မထွက်နိုင်တော့ချေ။ထိုအချိန် ပရဏ်လွန်းဟာ ကိုမော်စီတုန်းကိုအများမြင်ကွင်းမှ အိမ်ထဲသို့ အသာအယာပွေ့ယူကာ စောင်များကာလိုက်ပြီး မည်သူမျှမမြင်နိုင်ရန် အတားအဆီးသဘောမျိုးလုပ်လိုက်လေသည်။ထို့နောက် လူနာအားသတိရှိ၊မရှိစစ်လေသည်။ရဿကတော့ လူနာနေရထိုင်ရအဆင်ပြေစေရန်၊ တင်းကြပ်မနေစေဖို့အတွက်  ပုဆိုးစကိုဖြေလိုက်လေသည်။ပရဏ်လွန်းဟာ လူနာအား သတိရှိ၊မရှိစမ်းသပ်လေသည်။


''ကျွန်တော်ရဲ့စကားသံကိုကြားရလား .....ကြားရတယ်ဆိုရင် မျက်တောင်သုံးချက် ခပ်ပြပါ....''

လူနာသည် ပရဏ်လွန်းမေးခွန်း၏အဖြေအတွက်  မျက်တောင်သုံးချက်ခပ်ပြလေသည်။လူကတော့ မလှုပ်သေးချေ။ရသဟာ ပုဆိုးကိုကွင်းလိုက်ချွတ်ချလိုက်လေသည်။လူနာသည် ပုဆိုးအတွင်းတွင်  ဘာမှမဝတ်ထားချေ။သို့သော် ရဿဟာ လူနာ၏တန်ဆာအား ကိုင်ပြီးတစ်ခုခု ကုပေးရန်လက်လှမ်းလိုက်လေသည်။ရဿ၏လက်အား ပရဏ်လွန်းဟာ ထိန်းလိုက်လေသည်။


'' သူ့ရဲ့ထိခိုက်မိတဲ့နေရာက ပေါင်​ခြံမှာပါ.....''

''ဪ.....ဟုတ်သား.....တွေ့ပြီ.....ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ......ဒီကအကိုက ဆေးပညာအတွေ့အကြုံရှိလား.....''


နှောင်းတရိပ်ရိပ် ချစ်ကျွမ်းဝင်Where stories live. Discover now