ခေါင်းနှစ်လုံးနဂါးဖြူဟာ သူကြောင့် နဂါးနှင့်ဂဠုန်တို့၏တိုက်ပွဲဖြစ်ရသည်ဟုတွေးကာ ဝမ်းနည်းစွာပင် ကောင်ကင်ပေါ်သို့နဂါးအသွင်ပြောင်းကာ အာကာသအပိုင်းအခြားထဲဝင်ကာပျောက်ကွယ်သွားခဲ့လေသည်။အာကာသအပိုင်းအခြားတစ်ဖက်မှ အခြားတစ်ဖက်သို့မကူးခင်တွင် အချိန်များဟာရပ်တန့်သွားပြီး ငွေရောင်အလင်းတန်းတို့ပြန့်ကျဲနေသည့်ကြားမှ လူတစ်ယောက်နှင့် နဂါးဖြူဟာတွေ့ခဲ့လေသည်။
ထို့နောက် အခြားတစ်ဖက်သို့ကူးပြောင်းသွားခဲ့လေသည်။ထို့နောက်နဂါးဖြူတွေ့လိုက်ရသည်ကား သူအရင်နေခဲ့သည့်လောကနှင့်မတူဘဲ ဒီဘက်လောကတွင်တော့ လူသားတွေ၏လောကဆိုတာကို ငယ်စဥ်ကလေ့လာခဲ့ရသည့် လောကဘုံကျမ်းကြောင့် ချက်ချင်းသဘောပေါက်သွားလေသည်။ထို့ကြောင့် နဂါးဖြူဟာ နဂါးအသွင်မှ လူသားအသွင်ပြောင်းကာ လှည့်လည်ခရီးသွားနေသည့်လူသားအဖြစ် ဒီဘက်လောကကြီးထဲတွင် စတင်အခြေချရန်ဆုံးဖြတ်လိုက်သည်။အဘယ်ကြောင့် ခရီးသွားနေသည့်လူတစ်ယောက်အဖြစ်ပြောင်းရသလဲဆိုသည့်အကြောင်းအရင်းကား ဒီဘက်လောကကြီးတွင် ပျက်စီးခြင်းအငွေ့အသက်များကို သူခံစားလိုက်ရသောကြောင့်ပင်ဖြစ်လေသည်။နဂါးဖြူဟာ ထိုအမှောင်ထုအား အနိုင်ယူရန်အတွက် တစ်နေရာမှတစ်နေရာသို့ လှည့်လှည်သွားလာရန်ဆုံးဖြတ်လိုက်သည်။ထိုသို့လှည့်လည်သွားလာရန်အတွက် နဂါးဖြူဟာ သူ၏စိတ်ဝိဉာည်ကိုနှစ်ခုအား တစ်နေရာစီသို့ခွဲထွက်စေခဲ့လေသည်။ပထမစိတ်ဝိဉာည်ဖြစ်သည့် ပရဒေသရ်လွန်းဟာ ကုန်းမြင့်ပြင် တောင်တန်းဒေသများသို့ ခရီးနှင်ခဲ့ပြီး ဒုတိယစိတ်ဝိဉာည်ဖြစ်သည့် ပရဏ်လွန်းကတော့ မြေပြန့်လွင်ပြင်ဒေသအလယ်ပြည်သို့ ခရီးနှင်ခဲ့လေသည်။
........................
အလယ်ပြည်၏ အင်းဝမင်းနေပြည်တော်အား ကုန်းမြင့်ပြင်ဒေသမှ အသက်နှစ်ဆယ်ကျော်သာရှိသေးသည့် ငယ်ရွယ်ကာ လုံ့လသတ္တိနှင့်ပြည့်စုံသော စော်ဘွားခေါင်းဆောင်ဟာ သူ၏နောက်လိုက်အပေါင်းအပါများနှင့် စစ်ချီကာအနိုင်ယူပြီးနောက် အင်ဝမင်းနေပြည်တော်အား သိမ်းပိုက်၍ မင်းပြုအုပ်ချုပ်ခဲ့လေသည်။စော်ဘွားဘုရင်ဟာ အင်းဝပြည်ကိုဆယ်နှစ်ခန့် အုပ်ချုပ်ခဲ့ပြီးနောက် တစ်ဖန်အလယ်ပြည်မှ စစ်သူရဲကောင်းတစ်ချို့ဟာ မင်းနေပြည်တော်အား ပြန်လည်ရယူလိုက်သဖြင့် စော်ဘွားဘုရင်နှင့်အပေါင်းအပါတို့ဟာ မိမိတို့၏ဌာနီဖြစ်သည့် ရှမ်းပြည်သို့ ပြန်လာခဲ့ကြလေသည်။
YOU ARE READING
နှောင်းတရိပ်ရိပ် ချစ်ကျွမ်းဝင်
Fantasyဤဖန်တီးမှုသည် စိတ်ကူးယဥ်ဖန်တီးမှုသာဖြစ်ပါသည်။ဤဖန်တီးမှုအတွင်းရှိ ဇာတ်ကောင်များ၊တည်နေရာများ၊နေရာဖွဲ့စည်းတည်ဆောက်ပုံများ စသည့်အရာတို့၏အမည်နာမ အားလုံးဟာ စိတ်ကူးယဥ်ဖန်တီးမှုသာဖြစ်ပါသည်။လက်တွေ့လောကတွင် တကယ်တမ်း တည်ရှိနေခြင်းမရှိပါ။အကယ်၍ အချို့အရာများသည်...