''လောင်ဝမ်း......ငါ့ကိုသူကြီးခေါ်တာပြောဖို့လာတာကို ငါ့ကိုထင်းလာခွဲကူနေတယ်ပေါ့.....မင်းစိတ်မှန်သေးလား....အခုကြည့် ငါ့ကိုသူကြီးအပြစ်ပေးတော့မယ်.....အဲ့တာမင်းကြောင့်....''
လောဝ်ဝမ်းကတော့ဘာသံမှမထွက်ဘဲ ရယ်ရင်းနဲ့ လွန်းအားခေါင်းသာခါပြနေသည်။
ထိုစဥ်သူကြီးဦးစံလှဟာ အခြေအနေကိုသဘောပေါက်လိုက်သည်။
''တော်တော့.....လွန်း....ငါသိသွားပြီ.....အခုလည်း မင်းသဘောနဲ့မင်းလာတာမလား အိုက်ဝမ်းပြောလို့မဟုတ်ဘဲ.....အဲ့တော့အပြစ်မပေးဘူး....''
''ဟုတ်ကဲ့....သူကြီး......''
ထို့နောက် လွန်းဟာ လောဝ်ဝမ်းဘက်လှည့်၍လောဝ်ဝမ်းအား အပြစ်တင်လေသည်။
''တွေ့လား...မင်းကြောင့် ငါအပြစ်ပေးခံရတော့မလို့....တော်သေးတယ်....''
ထို့နောက်သူကြီးဘက်ပြန်လှည့်ကာ သူကြီးပြောတာပြန်နားထောင်လေသည်။
''အေး....ဒီကောင်က မင်းကိုငါအလုပ်တွေခိုင်းတာမမြင်ချင်လို့ တမင်မပြောတာနေမှာ.....''
''ကျွန်တော်သူ့ကို သေချာဆုံးမလိုက်ပါမယ် သူကြီး....''
''သူက ငါ့သားနော်....မင်းဘယ်လိုဆုံးမမှာတုန်း သူကြီးရဲ့သားကို....''
''သူရဲ့သူငယ်ချင်းအနေနဲ့ပေါ့....သူကြီးကလည်း.....သူ့ကိုနိုင်တဲ့အကွက်တွေအကုန် ကျွန်တော် သိတယ်....''
''ဒီအတွဲလည်း......ငါ့သားဖြစ်နေတော့ ပြောရလည်းခက်ကွာ..........အေး....အေး......ပြောမဲ့ကိစ္စက ဒီလိုဟေ့.....ညနေခင်းဘက် ငါတို့ရွာကို အလယ်ပြည်က ငါ့မိန်းမရဲ့ညီမကွာ ဆေးဆရာမဆိုလား၊ပရောဂဆရာမဆိုလားမသိပါဘူး အဲ့တစ်ယောက်ရယ်သူ့တပည့်မလေးတစ်ယောက်ရယ်ရယ် လာမှာတဲ့....အဲ့တာ သူတို့ကို ဟိုဟိုဒီဒီလိုက်ပြဖို့ မင်းကိုတာဝန်ပေးမလို့ကွာ....''
''ဪ.....အဲ့တာဘဲလား.....''
''အေး.....အဲ့တာမင်းရဲ့စကားပြန်ကိုစောင့်နေတာ.....မင်းမလုပ်ချင်လည်း တစ်ခြားတစ်ယောက်ကိုခိုင်းမလို့.....''

YOU ARE READING
နှောင်းတရိပ်ရိပ် ချစ်ကျွမ်းဝင်
Fantezieဤဖန်တီးမှုသည် စိတ်ကူးယဥ်ဖန်တီးမှုသာဖြစ်ပါသည်။ဤဖန်တီးမှုအတွင်းရှိ ဇာတ်ကောင်များ၊တည်နေရာများ၊နေရာဖွဲ့စည်းတည်ဆောက်ပုံများ စသည့်အရာတို့၏အမည်နာမ အားလုံးဟာ စိတ်ကူးယဥ်ဖန်တီးမှုသာဖြစ်ပါသည်။လက်တွေ့လောကတွင် တကယ်တမ်း တည်ရှိနေခြင်းမရှိပါ။အကယ်၍ အချို့အရာများသည်...