အပိုင်း - (၁၆) _Unicode_

481 28 2
                                    




''လာကွ.....လွန်းရ.....ဒေါ်လေးငယ်တို့နဲ့အတူ ဘုရားပွဲသွားဖို့ လမ်းကိုမြန်မြန်လျှောက်ပါကွ....''

''လောဝ်ဝမ်း......ငါဒီထက်မြန်မြန်လျှောက်ရရင်လည်း ငါ့ခြေထောက်တွေကို တရွတ်တိုက်ဆွဲခေါ်ပြီးသွားဖို့ဘဲကောင်းတယ်....''

လွန်း၏စကားကြောင့် လောဝ်ဝမ်းဟာ လွန်းအားလှည့်ကြည့်ပြီး သွားနေရာမှ ရပ်လိုက်လေသည်။လောဝ်ဝမ်းရပ်တော့ လွန်းဟာလည်းလိုက်ပြီးရပ်လိုက်လေသည်။

''ဘာလဲကွ......သွားနေရင်းတန်းလန်းကနေ ဘာထဖြစ်တာလဲ.....''

''ငါတွေးနေတာ တောင်ပေါ်ကိုနေ့တိုင်းမပျက်အတက်အဆင်းလုပ်နေတဲ့မင်းက ဒီနေ့ကျမှ အမောအပန်းမခံနိုင်တော့တာ ညကမင်းဘာတွေမဟုတ်တာလဲလုပ်ခဲ့လဲ ဆိုပြီးတွေးမိသွားလို့.....''

''လစ်ကို မဟုတ်တာလုပ်ရမှာလား..... ''

''အဲ့တာဆို ဘာလို့​အရင်လိုလမ်းကိုသွက်သွက်မလျှောက်တာလဲ.....''

လွန်းဟာ လောဝ်ဝမ်းကို အားလျှော့စိတ်ညစ်သွားသည့်အကြည့်နဲ့ကြည့်ကာ သက်ပြင်းချလိုက်လေသည်။

''ဟ....ဟူး........လောဝ်ဝမ်း..... လောဝ်ဝမ်း..... ဒီနေ့မင်းအဒေါ်နားမှာ တပည့်မလေးပါမှာတဲ့လေ......အဲ့တော့ သူနဲ့တွေ့တဲ့အချိန်မှာ
ငါ့ရဲ့အင်္ကျီ၊ငါ့ရဲ့ရိုးရာဘောင်းဘီတွေ ညစ်ပတ်သွားလို့မဖြစ်ဘူးလေကွာ....''

လွန်း၏စကားကိုကြားလိုက်သည်နှင့် လောဝ်ဝမ်းဟာ အားရပါးရရယ်လိုက်လေသည်။

''လတ်စသတ်တော့.....ဒါကြောင့်ကို.....အေးပါ.....ကြည့်ကြသေးတာပေါ့ လွန်းရာ ....ဖြည်းဖြည်းလေးသာလျှောက်.....ဟိုရောက်မှ ဖြစ်သွားတဲ့မင်းရဲ့မျက်နှာကို ငါကြည့်နေမယ်....''

''သွား......ရှေ့ကလမ်းကိုသာသေချာ ဖုန်မထအောင်လျှောက်စမ်းပါ.....မဟုတ်လဲနောက်ကနေလျှောက်......''

''ဟုတ်ကဲ့ပါ အကိုကြီးလွန်းခင်ဗျ......''

သို့နှင့်လောဝ်ဝမ်းဟာ ရှိုးကြီးနေသည့်လွန်းအား တစ်လမ်းလုံးစရင်း နောက်ဆုံးတွင်တော့ လောဝ်ဝမ်းတို့၏အိမ်တစ်ဖြစ်လဲ သူကြီးအိမ်သို့ရောက်လာခဲ့လေသည်။လွန်းတို့ရောက်သည့်အချိန်တွင် မျက်နှာစိမ်းဧည့်သည်နှစ်ယောက်တို့ဟာ သူကြီးဦးစံလှနှင့်အတူ လက်ဖက်သုပ်စားနေကြလေသည်။

နှောင်းတရိပ်ရိပ် ချစ်ကျွမ်းဝင်Where stories live. Discover now