အခန်း ၇

1K 157 5
                                    

Unicode

အခန်း(၇)

 

အခန်း၁၀၃မှ ရုတ်ရုတ်ရုတ်ရုတ်အသံများသည် ချင်ကျိုး၏နားထဲအထိ ရောက်လာ၏။ အခန်း၁၀၃ဆီ သူ မရောက်သေးခင် အဆောင်မန်နေဂျာအိုကြီးမှ အလောင်းကို ခြေထောက်ကနေဆွဲ၍ လှေကားအတိုင်း တက်လာသည်ကို မြင်လိုက်ရသည်။ နောက်ပြီး ချင်ကျိုးဆီသို့ ဦးတည်နေ၏။

 

ချင်ကျိုးရော အဆောင်မန်နေဂျာအိုကြီးရော မရပ်ကြပေ။ နှစ်ယောက်က အချင်းချင်းဖြတ်လျှောက်သွား၏။ ခြေလှမ်းအနည်းငယ်ထိရောက်မှ ချင်ကျိုးခေါင်းလှည့်ကြည့်မိလျှင် ဝမ်သွော့၏အလောင်းဖြစ်နေမှန်း သိလိုက်ရတော့သည်။

 

ကော်ရစ်ဒါ‌ထောင့်ချိုးတစ်ခုသို့အရောက် အဆောင်မန်နေဂျာအိုကြီး အလျင်အမြန်ပျောက်ကွယ်သွားသောအခါ အလောင်းလည်း သူ၏မျက်စိရှေ့တင် ပျောက်သွားလေသည်။

 

အခန်း၁၀၃တွင်မူ ဆက်လက်ဆူညံနေဆဲပင်။ ချင်ကျိုးလည်း အကြည့်ပြန်လွှဲပြီး အခန်း၁၀၃ဆီ ဦးတည်လိုက်၏။

 

သူသည် တမင်သက်သက် နှေး‌ကန်စွာလျှောက်နေခဲ့ပြီး ထိုသို့လုပ်ရသည့်အကြောင်းအရင်းဟာ တစ်ယောက်ယောက်များသေသွားသလားဟု သိရရန်ဖြစ်၏။ NPCတွေဟာ ညဘက်မှာသာ လူသတ်နိုင်ကြသည်။ မနေ့ညကသာ လူသေခဲ့လျှင် အခန်းတွေထဲမှာပဲ ဖြစ်နိုင်၏။

 

စည်းမျဉ်းလောကရှိ မရဏစည်းမျဉ်းများကို သိချင်ပါက နေ့ဘက်တွင် သဲလွန်စရှာခြင်းထက် သေသွားသည့်လူများဆီမှ သဲလွန်စရှာလျှင် ပိုလွယ်သည်။

 

သေဆုံးမှုအကြောင်းအရင်းသည် မရဏစည်းမျဉ်းကို ရှင်းလင်းပြောပြလိုက်ခြင်းဖြစ်၏။

 

၇.၇ စည်းမျဉ်းလောကထဲ ဝင်ရောက်လာကြသော တခြားလူခုနစ်ယောက်အနက် လင်ယိကိုအပထား ၊ ကျန်သူများမှာ တံခါးလော့ချဖို့ သတိရသည့် သာမန်စိတ်အခြေအနေတွင် ရှိနေမည်မဟုတ်ချေ။

 

ချင်ကျိုးတစ်ယောက် တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ကြည့်ပေမဲ့ မည်သူမျှ မသေကြ။ လင်ယိနှင့်လည်း တွေ့ပြီးရကား မနေ့က မည်သူမျှ မသေခဲ့ပေ။

ဒဏ္ဍာရီလာ သရဲပုံပြင်တွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်မိပြန်ပြီWhere stories live. Discover now