အခန်း ၁၀

756 124 2
                                    

Unicode

အခန်း(၁၀)

တတောက်တောက် အသံဟာ ဆယ်စက္ကန့်မကြာခင်အထိ ပျောက်ကွယ်သွားကာ ထူးထူးဆန်းဆန်း ဆိတ်ငြိမ်မှုသည် တစ်ခဏပင် မကြာလိုက်။  ဤလျှပ်တပြက်အချိန်လေးအတွင်း လင်ယိသည် သတ္တူဗူးကို ကောက်ယူ၍ ဗီရိုရှေ့ကပ်လျက် စားပွဲပေါ်မှာ တင်လိုက်၏။ တစ်ချိန်တည်းမှာပင် တကျီကျီ အသံပါ ထွက်ပေါ်လာလေသည်။

အသံမှာ သစ်သားကို ချွန်ထက်သည့်လက်နက်ဖြင့် ဖြတ်တိုက်နေသကဲ့သို့ စူးရှပြီး စိတ်ရှုပ်ဖို့ကောင်းလှသည်။ တကယ်တော့ ဒါဟာ နံရံရှိအပေါက်များကို ထိုးဖောက်နိုင်သော ထိုလက်သည်းများက ဗီရိုကို မဖျက်ဆီးခင် အချိန်လေးသာဖြစ်၏။

လင်ယိ တစ်လှမ်းပြန်ဆုတ်မိသည်။ သူ့နားထဲ တကျီကျီအသံသည် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်နေစေကာမူ ဘေးခန်းများဖြစ်ကြသော အခန်း ၃၀၅နှင့် ၃၀၃တို့တွင် အလွန်တိတ်ဆိတ်ငြိမ်သက်နေလေ၏။ သူ့အား ချင်ကျိုး မေးခွန်းအကျယ်ကြီးမေးသံလည်း မကြားရ၊ ချမ်းသာခြင်းနှင့် ယဉ်ကျေးမှုအကြောင်း တိုးတိုးရေရွတ်သော ချန်းယန်၏အသံကိုလည်း မကြားရပေ။

အခန်း၃၀၄တစ်ခန်းတည်းသာ ကွဲထွက်နေပုံပေါ်ကာ ဤနေရာရှိ ဆူညံသံများကို မည်သူမျှ သတိမပြုမိကြချေ။

ကျိ! ကျိ! ကျိ!

ထိုအရာ၏ ကုတ်ခြစ်မှုများအောက် သစ်သားဗီရိုက တုန်ခါလျက်။ လှုပ်ခါနေသောအသံဟာ သူ၏ နားစည်အား နှိပ်စက်နေသလိုပင်။

မကြာခင်မှာပဲ

ဖောက်!

လင်ယိ၏ မျက်လုံးရှေ့တည့်တည့်မှာပဲ ဗီရိုတစ်ခုလုံး တုန်ခါလာတော့၏။

နောက်တစ်စက္ကန့်အကြာ၌မူ ဗီရိုတံခါးအား အထဲမှ တွန်းဖွင့်ခံလိုက်ရလေသည်။

ထိုအရာသည် ပြတင်းပေါက်ခြမ်းရှိ ဗီရိုနံရံအား ကုတ်ခြစ်ခဲ့မှန်း အလွယ်လေး ခန့်မှန်းနိုင်၏။ ဗီရိုတွင် အခြမ်းနှစ်ဘက်ပါ၏။ တစ်ခြမ်းသည် နောက်ဘက်နံရံဖြစ်ကာ တခြားတစ်ခြမ်းဟာ ဗီရိုတံခါးများဖြစ်သည်။

နောက်ဘက်နံရံ မရှိတော့သည်နှင့် ၎င်းအရာလည်း တစ်ဆင့်တက်ပြီး ဗီရိုထဲဝင်လာ၏။ ယခု ကျန်နေသမျှဟာ တစ်ချက်တည်း တွန်းဖွင့်လို့ရသည့် ဗီရိုတံခါးနှစ်ချပ်သာ ရှိတော့သည်။

ဒဏ္ဍာရီလာ သရဲပုံပြင်တွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်မိပြန်ပြီWhere stories live. Discover now