Unicode
အခန်း (၃)
ယခုဆို ကျောင်းစည်းမျဉ်းများကို အလေးအနက်မထားသည့် လူသစ်ဟူ၍ မရှိတော့။ တချို့က မိုဘိုင်းဖုန်းကိုယ်စီထုတ်ပြီး ပြင်ပကမ္ဘာနှင့် ချိတ်ဆက်နိုင်ဖို့ ကြိုးစားကြည့်ပေမဲ့ သူတို့အားလုံးမှာ ဖုန်းများကို ထိတ်လန့်တကြားချ၍သာ စိတ်ပျက်စွာ အရှုံးပေးကြရသည်။
ဒီနေရာ၌ သူတို့ဖုန်းများတွင် ဖုန်းလိုင်းများမရှိချေ။
"စီ... စီနီယာ ဒီမှာ ဘာတွေဖြစ်ကုန်တာလဲ..."
မနည်းသတ္တိညှစ်ထုတ်ပြီးမေးလာခဲ့သော လူသစ်လေးပြန်ရလိုက်သည်မှာ စာနာစိတ်ဖြင့်ပြည့်နေသော အကြည့်တစ်ချက်ပင်။ "စာရင်းသွင်းပြီးရင် သိလိမ့်မယ်။ ကြောက်နေတယ်ဆိုရင် ဒီတစ်ခုပဲ စိတ်ထဲ မှတ်ထား-- စည်းမျဉ်းတွေကို မချိုးဖောက်နဲ့။"
စောမလာသင့်သလို နောက်ကျမှလည်းမလာသင့်သည့်အပြင် လုံးလုံးမလာ၍လည်း မရကြောင်းကို ဝင်ခွင့်စာထဲ၌ ဖော်ပြထားပြီးသားဖြစ်၏။
လူသစ်များမှာ နောက်ကျမှမလာရဲသလို စောစောလည်းမလာရဲသဖြင့် တည်းခိုခန်းမှ ကြောက်ကြောက်လန့်လန့်ထွက်ခွာကာ စာရင်းသွင်းရန် မီတာနှစ်ရာအကွာရှိ တက္ကသိုလ်ဆီသို့ ဉီးတည်သွားကြလေသည်။
လူအုပ်နှင့်ရောပါသွားသော လင်ယိသည်မူ ခပ်လှမ်းလှမ်းတစ်နေရာအထိ လျှောက်ပြီး ပြန်လှည့်ကြည့်လိုက်၏။
တည်းခိုခန်းသည် နှစ်ထပ်အိမ်ဖြစ်ပြီး တခြား အသေးစားမြို့ပြအဆောင်များနှင့် သိပ်မခြားနားပေ။ ထို တည်းခိုခန်းတွင် ဆိုင်းဘုတ်မရှိသော်လည်း တံခါးရှေ့၌ 'သဘာဝလွန်အင်ဂျင်နီယာတက္ကသိုလ်၏ ဆရာ၊ ဆရာမ၊ ဝန်ထမ်းနှင့် ကျောင်းသားများအတွက်သာ' ဟူသော အသိပေးဆိုင်းဘုတ်တစ်ခုကို ထောင်ထားသည်။
မျက်နှာတို့ ဖြူရော်နေသော လူသစ်များထက်စာလျှင် စီနီယာတို့သည် သေခြင်းတရားနှင့် အသားကျနေသကဲ့သို့နှယ်ပင်။ ရဲစခန်းသို့ အကြောင်းကြားရမည့်အစား အလောင်းများအား ကိုယ်လုံးဆန့်အိတ်ထဲသို့ စနစ်တကျ ထည့်ကြသည်။
STAI LEGGENDO
ဒဏ္ဍာရီလာ သရဲပုံပြင်တွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်မိပြန်ပြီ
HorrorHorror ကြိုက်တဲ့ဒါဒါလေးများအတွက် အကြိုက်တွေ့စေမှာပါရှင့်။ ဖတ်ကြည့်ကြပါဦးနော်။ ပြီးရင် ကျဲကျဲနဲ့တူတူ ကြောက်ကြရအောင် 😁 သောကြာနေ့တိုင်း update ရှိပါသည်။ 🖤