အခန်း ၁၅ ၊ ၁၆

858 107 9
                                    

Unicode


အခန်း ၁၅ ။

လင်ယိက ပြုံးပြ၍ မေးသည်။ "စီနီယာ၊ အစီအစဉ်တစ်ခုခုမရှိဘူးလား?"

ချင်ကျိုး : "ဘာအတွက်လဲ?"

လင်ယိ၏ မျက်လုံးများ တောက်ပလာသည်။ "၇.၇ မကောင်းဆိုးဝါးကို ရှာဖို့လေ။ "

လင်ယိသည် စာရင်းသွင်းသည့် စာအုပ်တွင် ရေးထားသော သဘောတူညီချက်ပါသည့် စာရွက်အနည်းငယ်ကို ရှာမည့်အစား ၇.၇မကောင်းဆိုးဝါးကို ရှာဖွေလိုခဲ့သည်။

ချင်ကျိုးလည်း ဒါကို ရိပ်မိပြီးသားဖြစ်သည်။ ၇.၇စည်းမျဉ်းလောကထဲသို့ ဝင်ရောက်လာချိန်မှစ၍ လင်ယိသည် ၇.၇မကောင်းဆိုးဝါးအား စူးစမ်းလိုစိတ် သို့မဟုတ် စိတ်ဝင်စားမှုကို အမြဲပြသခဲ့သည်။

သို့သော်လည်း သူ ဘာမှမမေးနိုင်သေးပေ။ ချင်ကျိုးက ပြောသည်။ " ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ လူတွေအများကြီးသေပြီးသွားလို့ အသက်ရှင်တဲ့သူနည်းနည်းပဲ ကျန်တော့တဲ့အချိန်ကျရင်၊ သူ လိုချင်တဲ့ သူက အသက်ရှင်သေးမယ်ဆို ငါတို့အလောင်းအစားလုပ်လို့ရတယ်။"

ယခု သူတို့နှစ်ဦးမှလွဲ၍ အသက်ရှင်ကျန်ရစ်သူများမှာ ချင်းယန်၊ ရွှိရှားကျီ၊ လီယင်း နှင့် ကျိုးလင်လင်တို့ ဖြစ်သည်။

၇.၇မကောင်းဆိုးဝါးသည် NPCမှ သူ့အား တွေ့စေရန် ခွင့်ပြုမည်မဟုတ်ပေ။ အခန်း ၃၀၈ ရှိ ရွှိရှားကျီ၏အိပ်ခန်းပြတင်းပေါက်သည် ပွင့်သွားပြီဖြစ်၍ ကျန်သံသယရှိသူများမှာ ချင်းယန်၊ လီယင်းနှင့် ကျိုးလင်လင်တို့ ဖြစ်သည်။ .

သူရော လင်ယိပါ ချင်းယန်ကိုသံသယဖြစ်မိသော်လဲ နှစ်ယောက်စလုံးဟာ သူ့ကို ပေါ်တင်ရင်ဆိုင်ရန်တော့ ယုံကြည်ချက်မရှိကြပေ။

လင်ယိ ခဏတာတွေးလိုက်ကာ မေးသည်။ "စီနီယာ၊ ရာခိုင်နှုန်းဘယ်လောက်ဆို သူ ထွက်လာနိုင်တဲ့အထိ လုံလုံလောက်လောက်နည်းသွားတာလဲ?"

ချင်ကျိုးက လင်ယိကို ကြည့်လိုက်သည်။ "အောင်မြင်နိုင်ခြေက 50-50ပဲ ရှိတဲ့အချိန်မှာပေါ့။"

လင်ယိ : "အိုး။"

ပြောချင်သည်က သုံးယောက်ထဲတွင် နှစ်ယောက်သာကျန်တော့သည့်အချိန်ဖြစ်သည်။ ချင်းယန်၊ လင်ယိ နှင့် ကျိုးလင်လင်တို့သာကျန်တော့သည့်အချိန်တွင် သူတို့အလောင်းအစားပြုလုပ်နိုင်လိမ့်မည်။

ဒဏ္ဍာရီလာ သရဲပုံပြင်တွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်မိပြန်ပြီWhere stories live. Discover now