အခန်း ၂၈

288 57 0
                                    

Unicode

အခန်း ၂၈ ။

အိုယင်းပြောခဲ့သည့်အတိုင်း သက်သေပြမှုတစ်ခုတည်းနှင့်တော့ သူတို့ကြားတွင် ၂-၆ မကောင်းဆိုးဝါးရှိနေ ၊ မနေကို မပြောနိုင်ပေ။ ထိုသက်သေပြမှုဖြင့် သံသယဖြစ်စရာ အချက်များ ရှာဖွေပြီး သူတို့စိတ်ထဲ အချက်အလက်သစ်များ ထပ်ဖြည့်သည့်နေရာတွင်သာ အသုံးချနိုင်မည်။

အားလုံးက စည်းမျဉ်းလောကအတွေ့အကြုံရှိထားကြသူများဖြစ်သည့်အလျောက် ဖြစ်လာမည့်အရာကို သိကြသည်။ အနည်းဆုံး အန္တရာယ်ကျရောက်လာသည့် အခိုက်အတန့်၌ ကြောက်စိတ်မွှန်ပြီး ခေါင်းဖြတ်ခံလိုက်ရမည်မဟုတ်ချေ။

လျိုယိက အခြားရှစ်ယောက်ကို လာခဲ့ဖို့ ခေါ်လိုက်ရာ အကျိုးဆက်အနေဖြင့် အတွင်းရေးသိထားကြသည့် သူတို့တစ်သိုက်က အချင်းချင်းနားလည်စွာ ဆိတ်ဆိတ်နေလိုက်ကြသည်။

တကယ်တမ်း၌ ကျောင်းသားသမဂ္ဂမှ လေးယောက်သာ လာရောက်ခဲ့ကြပြီး သမဂ္ဂမှမဟုတ်သော ကျန်လေးယောက်က နေရာတွင်သာ ရပ်မြဲရပ်နေကြရင်း သူတို့အား နာကျည်းစွာဖြင့် စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေကြသည်။

ထိုလေးယောက်၏ ကောက်ချက်ကတော့ ကျောင်းသားသမဂ္ဂကြောင့်သာ မဟုတ်လျှင် သူတို့ ဤနေရာသို့ မရောက်လာနိုင်ဟူ၍။ အထူးသဖြင့် ၂-၆ မကောင်းဆိုးဝါးကို ကျောင်းဆောင်များဘက် မျှားခေါ်လာသော ကောင်လေးက သူ့မျက်လုံးထဲရှိ အမုန်းတရားကို ဖုံးကာမနေဘဲ အတိုင်းသား ချပြထားသည်။

ချင်ကျိုး သူ့ကို လှမ်းကြည့်လိုက်စဉ်တွင်တောင် ကောင်လေးက တွန့်ရုံသာတွန့်သွားပြီး ပိုပြင်းထန်သော အမုန်းတရားဖြင့် ချင်ကျိုးကို ပြန်စူးစိုက်ကြည့်လာသည်။

သူ့အနေဖြင့် အလွန်ဆုံး သေရုံသာရှိသည်။ ကြောက်နေဖို့ ဂရုမစိုက်အား။ သူ၏ တစ်ခုတည်းသော အတွေးက သူ သေသွားခဲ့ပါက ကျောင်းသားသမဂ္ဂကို ပြန်ပေးဆပ်ရအောင်လုပ်မည်ဟု!

"ကျိုးကော ၊ လျိုယိကော ၊ အိုယင်းကျဲ" ကျောင်းသားသမဂ္ဂမှ ကောင်လေးက ပြောသည်။ "သူတို့ကို ဒီခေါ်လာပေးစေချင်လားခင်ဗျ?"

ဒဏ္ဍာရီလာ သရဲပုံပြင်တွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်မိပြန်ပြီWhere stories live. Discover now