အခန်း ၂၉.၁

400 66 0
                                    

Unicode

အခန်း ၂၉.၁ ။

လင်ယိတင်မကဘဲ ချင်ကျိုး ၊ အိုယင်းနှင့် လျိုယိတို့သည်လည်း နောက်ကွယ်မှ သိုဝှက်မှုကို စတင်သတိပြုမိလာခဲ့ကြသည်။

သို့ပေမဲ့ မည်သူကမျှ 'ဗိုက်ဆာတယ်' ဟု ထမပြောခဲ့ကြ။ စားပွဲပေါ်တွင် ရှိနေသော ထိုအရာများကို တစ်ယောက်မျှ တစ်ကိုက်ပင် မကိုက်ရဲကြပေ။

အနီရောင်မိန်းမပျို သူတို့ကို ထိုအရာများဖြင့် ဧည့်ခံရသည့် အကြောင်းအရင်းတစ်ခုလုံးက အဓိကအချက်ကို အတင်းရောက်ရှိစေချင်သောကြောင့် ဖြစ်မည်။

"အားလုံးက နေ့လယ်စာစားပြီးကြပြီဆိုတော့ စလိုက်ကြရအောင်" အနီရောင်မိန်းမပျိုက မတ်တပ်ထရပ်လိုက်ကာ "အားလုံး ကျွန်မနောက် လိုက်ခဲ့ပေးကြပါ"

လျိုယိသည်လည်း သူပြောလိုက်သော စကားကြောင့် သူတို့ကိုယ်သူတို့ စိတ်ပြင်ဆင်ဖို့ အခွင့်အရေးအား လက်လွှတ်လိုက်ရကြောင်း သိသဖြင့် ပြင်ဆင်ဖို့ ကြိုးစားသည်။ "ဒီနေရာကို သန့်ရှင်းဖို့ မလိုဘူးလား?"

ထိုစားပွဲပေါ်ရှိ အရာများကို မျိုချဖို့ ခက်ခဲနိုင်ပေမဲ့ သန့်ရှင်းခြင်းအလုပ်ကတော့ သူတို့ကို အချိန်ရစေနိုင်လိမ့်မည်။

အနီရောင်မိန်းမပျိုက လျိုယိကို ထူးဆန်းစွာ စိုက်ကြည့်လာပြီး မေးခွန်းထုတ်သည်။ "ဘာလို့ ဒီလိုအသေးအဖွဲလေးတွေပေါ်မှာ အချိန်ကုန်ခံနေမှာလဲ?"

လျိုယိမှာ သူ့မေးခွန်းကြောင့် ဆွံ့အသွားသည်။

အနီရောင်မိန်းမပျို မေးခွန်းများမေးနေသည်ကို တွေ့လျှင် အိုယင်းက မေးလိုက်သည်။ "ကျွန်မတို့ ဘာဆက်လုပ်ကြမှာလဲ?"

သူတို့ ပြင်ဆင်ကာ ကျင့်သားရဖို့ အခွင့်မရမှတော့ ထိုအမျိုးသမီးထံမှ သူကြိုးစားပြီး အချက်အလက်နှိုက်ထုတ်ဖို့ ဆုံးဖြတ်လိုက်သည်။

နောက်ထပ်လာမည့် အရာကို သိခြင်းကလည်း သူတို့ကို ပြင်ဆင်ခွင့်ပေးနိုင်သည်။

"ဂိမ်းကစားမှာလေ" အနီရောင်မိန်းမပျိုက ပြောသည်။ "ကျွန်မမိတ်ဆွေတို့က ဒါအတွက်ကြောင့်ပဲ ဒီကို လာကြတာမဟုတ်ဘူးလား?"

ဒဏ္ဍာရီလာ သရဲပုံပြင်တွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်မိပြန်ပြီWhere stories live. Discover now