အခန်း (၄)
အသင်းဥက္ကဌအားလုံး၏ စိတ်အားထက်သန်သော မျှော်လင့်ချက်ရောင်ခြည်များအောက်မှာပင် လင်ယိတစ်ယောက် အဖွဲ့အားလုံးထဲ ဝင်လိုက်လေသည်။ တကယ်တော့ မည်သည့်ဥက္ကဌကမျှ လူသစ်တစ်ယောက် ရလိမ့်မည်ဟု ထင်မှတ်မထားကြချေ။ သို့ဖြစ်ရကား ပင်လယ်ဘုရင်တစ်ယောက် သူတို့အဖွဲ့ထဲ လာဝင်လျှင်တောင် တော်တော်ကျေနပ်နေကြပြီ ဖြစ်သည်။
(T/N: ပင်လယ်ဘုရင်= သစ္စာမရှိသူ)
"မေဂျာနဲ့ အဆောင်နေထိုင်ခွင့်ကို သွားရွေးဦး။" အသင်းဥက္ကဌများသည် လင်ယိအယး မည်သည့်ဆက်သွယ်ရေးအချက်အလက်ကိုမှ မပေးသလို လင်ယိ၏ ဆက်သွယ်ရေးအချက်အလက်ကိုလည်း မမေးကြပေ။ "အဖွဲ့မှာ လှုပ်ရှားမှုလုပ်ရင် ဆက်သွယ်လိုက်မယ်" ဟုသာ ဆို၏။
လင်ယိသည်လည်း ထပ်မမေးတော့။ လှည့်ထွက်ပြီး ကျောင်းသားသမဂ္ဂဆီသို့ ဦးတည်သွားသည်။ အဖွဲ့အစည်းများနှင့် အတန်ကြာ အချိန်ဖြုန်းခဲ့မိသောကြောင့် ကျောင်းသားသမဂ္ဂသို့ရောက်သည့်အချိန်တွင် လူသစ်များများစားစားကို သိပ်မတွေ့ရတော့ချေ။
တာဝန်ခံဆီသို့ ပြေစာကမ်းပေးအပြီး၌ အကြာကြီး သတ္တိညှစ်ထုတ်ပြီးမှ မေးလိုက်၏။ "စီနီယာ အစ်မ။ ကျူရှင်ကြေးအများစုကို အာမခံဝယ်ဖို့သုံးတယ်လို့ ဆရာက ပြောတယ်။ ကျွန်တော် အာမခံ မဝယ်လို့မရဘူးလား။"
ထိုစကားများကိုကြားလျှင် တာဝန်ခံက ခေါင်းမော့လာသည်။ "အကြောင်းပြချက်က ဘာလဲ။"
လင်ယိ ဖျားချင်သွားသည်။ "ဆင်းရဲလို့။"
ထိုအခါ တာဝန်ခံက ပြုံးပြီး "ကျောင်းမှာ ပညာသင်ဆုတွေ ရက်ရက်ရောရောပေးတယ်။ လတိုင်း ထောက်ပံ့ငွေအမျိုးမျိုးလည်းပေးမှာမို့ စိုးရိမ်စရာမလိုဘူး။ အာမခံအကြောင်းသိပြီးမှပဲ ဘာကြောင့် မင်းအတွက် အာမခံဝယ်ပေးလဲဆိုတာလည်း သိသင့်တယ်။ တကယ်မလိုအပ်ရင် ဥက္ကဌဆီ တင်ပြဖို့လိုတယ်။ ဒါက ဥက္ကဌကိုယ်တိုင် ချမှတ်ထားတဲ့ အထူးစည်းမျဉ်းဖြစ်နေလို့လေ။"
ဘယ်လောက်ဒုက္ခများနိုင်သလဲ လင်ယိ ကြားသိရပြီးသောအခါ စဉ်းစားပြီး ပြန်ပြောလိုက်၏။ "ဒါ-ဒါဆိုလည်း ဝယ်လိုက်မယ်။"
YOU ARE READING
ဒဏ္ဍာရီလာ သရဲပုံပြင်တွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်မိပြန်ပြီ
HorrorHorror ကြိုက်တဲ့ဒါဒါလေးများအတွက် အကြိုက်တွေ့စေမှာပါရှင့်။ ဖတ်ကြည့်ကြပါဦးနော်။ ပြီးရင် ကျဲကျဲနဲ့တူတူ ကြောက်ကြရအောင် 😁 သောကြာနေ့တိုင်း update ရှိပါသည်။ 🖤