အခန်း ၂ ။

1.5K 205 4
                                    

Unicode

အခန်း(၂)

လင်ယိ၏ ပစ္စည်းများအားလုံး သိမ်းဆည်းခံလိုက်ရပြီဖြစ်၏။

ထို လူမှုဆက်ဆံရေးကောင်းလှသည့် စီနီယာက လင်ယိ၏ခရီးဆောင်သေတ္တာကို ဒရွတ်တိုက်ဆွဲသွားရင်း ရှေ့မှလျှောက်သွားကာ လင်ယိက သူ့နောက်မှ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လိုက်သည်။

ထိုပစ္စည်းများကို လွှဲပေးရုံမှလွဲ၍ သူ့တွင် ရွေးစရာရှိမနေ။ မဟုတ်ပါက စီနီယာသည် သူ့အား ရဲစခန်းဆီ ပို့လိုက်လိမ့်မည်။ သူသာ ရဲစခန်းရောက်ပြီး ရဲမှူး၏သံသယအကြည့်အောက် ထိုတားမြစ်ဓားများ ယူဆောင်လာရသည့်အကြောင်းအရင်းကို ရှင်းခိုင်းလျှင် သူ ရှင်းပြရတော့မည် ဖြစ်၏။ စိတ်မသက်မသာမှုကြောင့် သူ၏ခြေချောင်းတို့ကို အသည်းအသန်ကုပ်ကပ်ထားရသဖြင့် ခြေထောက်အောက်မှာပင် ဘာဘီပုံပြင်ထဲက ရဲတိုက်တစ်ခုလောက်အထိ တူးလို့ရလောက်သည်။

တကယ်ဆို သူ၏ခရီးဆောင်အိတ် ပွစာကြဲသွားသည့်အချိန်ကတည်းက သူ သေလောက်အောင် ရှက်နေပြီဖြစ်သည်။

လင်ယိတစ်ယောက် ကျိုးနွံသော ဂျူနီယာလေးတစ်ယောက်လို စီနီယာ၏နောက်ကနေ လိုက်လာ၏။ သို့သော် ဒါဟာ အပေါ်ယံသာ။ သူ့စိတ်ထဲမှာတော့ အတွေးတို့ မရပ်မနား ပြေးလွှားနေလေသည်။ စီနီယာအား ကရာတေးတိုက်ကွက်ဖြင့် လည်ပင်းနောက်ကနေ ဖမ်းချုပ်အလဲထိုးပြီး သူ၏ပစ္စည်းများကို ပြန်သိမ်းမည့်ဖြစ်နိုင်ခြေအား သူ ချိန်ဆနေသည်။

မဟုတ်လည်း တခြားနည်းလမ်းမှ မရှိဘဲနှင့်။ စီနီယာဟာ စည်းရုံးဖျောင်းဖျမှုကို လမ်းဖွင့်ပေးသည့် လူမျိုးမဟုတ်မှန်း တစ်ချက်ကြည့်ရုံနှင့် သူသိသည်။ စီနီယာ သူ့အား သနားလာစေဖို့ အလိုလိုက်ခံထားရသည့်ခပ်ဆိုးဆိုးပုံစံမျိုးလည်း သရုပ်မဆောင်တတ်ချေ။

ထိုနည်းလမ်း၏ဖြစ်နိုင်ခြေကို တွေးတောနေစဉ် စီနီယာက ရုတ်တရက် ရပ်ပြီး သူ့အား လှည့်ကြည့်၏။

လင်ယိခမျာ သူ၏အတွေးတို့ကို ယာယီချိုးနှိမ်ထားလိုက်ရင်း စီနီယာအား လိပ်ပြာမလုံစွာ ကြည့်လိုက်သည်။

ဒဏ္ဍာရီလာ သရဲပုံပြင်တွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်မိပြန်ပြီDonde viven las historias. Descúbrelo ahora