Chapter 64

2.2K 385 3
                                    

Chapter 64

ကျိယွီရှောင်က သူ့ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။

လင်းလော့ချင်းက ချက်ချင်းပင် စိတ်လှုပ်ရှားသည်ဟု ခံစားလိုက်ရသည်။ သူက ကျိယွီရှောင်ကို စိုက်ကြည့်ကာ သူလိုက်ခဲ့၍ ရသည်လားကို မေးချင်သော်လည်း ကျိယွီရှောင် သဘောမတူမည်ကို စိုးရိမ်နေပေသည်။

ကျိယွီရှောင်က မေးလာသောအခါ သူက တုံ့ဆိုင်းနေဆဲ ဖြစ်သည်။
"မင်း ငါနဲ့ အဖော်လိုက်ခဲ့ချင်လား..."

လင်းလော့ချင်းက အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
"လိုက်လို့ရလား..."

ကျိယွီရှောင်က ရယ်ကာ ညင်သာစွာဆိုလိုက်သည်။
"ခဏနေရင် ဖေးဖေးနဲ့  ရှောင်ယွီကို ပြောပြလိုက်... သူတို့ကို အိမ်မှာ ကောင်းကောင်းနေပြီး ညနေကျရင် ငါတို့ပြန်လာမယ်လို့ပြောလိုက်..."

လင်းလော့ချင်းက ပျော်ရွှင်စွာထရပ်လိုက်ပြီး ကလေးနှစ်ယောက်ကို သွားရှာလိုက်သည်။ ကျိယွီရှောင်က ကူကယ်ရာမဲ့ ခံစားရကာ သူ့လက်ကို ဆွဲလိုက်သည်။
"အရင်စားဦး... မင်းစားလို့ မပြီးသေးဘူးလေ..."

လင်းလော့ချင်းက သူ့ထိုင်ခုံတွင် ပြန်ထိုင်ကာ ကျိယွီရှောင်ကို အပြုံးမျက်လုံးများဖြင့် ကြည့်လိုက်လေသည်။ သူက ခေါင်းငုံ့ကာ ဆက်စားလိုက်သည်။

ကျိယွီရှောင်က သူ့၏ စိတ်လှုပ်ရှားနေသော သွင်ပြင်ကိုကြည့်ကာ သူ့နှလုံးသားက ကူကယ်ရာမဲ့ကာ အနည်းငယ် ချိုမြိန်လာသည်ဟု ခံစားလိုက်ရပေသည်။

သူက မူလတွင် လင်းလော့ချင်းကို ခေါ်သွားရန် မစီစဉ်ထားပါပေ။ ထို့ကြောင့်လည်း သူက လင်းလော့ချင်းအား ခရီးစဉ်၏ ရည်ရွယ်ချက်ကို စမပြောခဲ့ခြင်း ​ြဖစ်ပေသည်။

သို့သော် လင်းလော့ချင်း၏ အကြည့်က သည်းမခံနိုင်အောင် ပြုလုပ်ခဲ့ပေသည်။ သူက အတူလိုက်ချင်နေသည်မှာ ရှင်းလင်းသော်လည်း ကျိယွီရှောင် သဘောမတူမည်ကို စိုးရိမ်ကာ စကားပြောလိုသော်လည်း ကြောက်လန့်နေပုံရပေသည်။

ကျိယွီရှောင်မှာ သူက စပြီးမမေးပါက လင်းလော့ချင်းမှာ သူ့ဆန္ဒကို မျိုသိပ်ထားမည့် အခွင့်အရေးမှာ ၉ပုံ၈ပုံရှိသည်ကို သိပေသည်။ သူက အမြဲတမ်းပင် ဉာဏ်ကောင်းသော လူတစ်ဦးဖြစ်ခဲ့ရာ တခြားသူများကို ခက်ခဲသော အနေအထားများသို့ မတွန်းပို့ပါပေ။ သို့သော် ဤသည်မှာ လင်းလော့ချင်းထံမှ ထိုကဲ့သို့ အကြည့်မျိုးနှင့် ကြုံရသည့် ပထမဆုံးအကြိမ်ဖြစ်ပေသည်။ သူက ၄င်းမှာ သည်းမခံနိုင်ဟုခံစားရပြီး လင်းလော့ချင်း မလုပ်နိုင်ခင်မှာပင် စတင်ဖိတ်ခေါ်ရန် ဆုံးဖြတ်လိုက်မိလေသည်။

ငါက ဗီလိန်ရဲ့ပါပါး (ဘာသာပြန်)Where stories live. Discover now