Chapter 120

1.7K 263 5
                                    

Chapter 120

ရှစ်ကျန်းသည် သူ့ရှေ့မှ အမျိုးသားမှာ ဘီးတပ်ကုလားထိုင်တွင် ထိုင်ကာ သူ့နှင့် အကြည့်ချင်းဆုံရန် မော့ကြည့်နေရသော်လည်း သူ့မျက်လုံးထဲတွင် လှိုင်းအနည်းငယ်ပင် မရှိသည်ကို တွေ့လိုက်ပေသည်။ သူက တခြားသူများကို အထင်ကြီးတတ်သည့် လူပုံစံ မပေါက်ပဲ အမြင့်တစ်နေရာတွင် အချိန်အကြာကြီး ထိုင်နေကာ တခြားသူများအား အထက်စီးမှ အထင်သေးတတ်သည့် လူတစ်ဦးနှင့်ပိုတူပေသည်။ ရှစ်ကျန်းက ဤသည်မှာ သာမန်လူတစ်ယောက်မဟုတ်ဟုသူ့စိတ်ထဲတွင် တွေးလိုက်မိသည်။

လင်းလော့ချင်း၏ နောက်ခံမှာ သူထင်ထားသည်တက် ပိုကောင်းနေသည်မှာ အမှန်ဖြစ်ပုံရပေသည်။

ရှစ်ကျန်းက ၄င်းကို အများကြီး တွေးမနေတော့ပဲ ကျိယွီရှောင်ကို ယဉ်ကျေးစွာနှုတ်ဆက်ပြီးနောက် အချိန်ဆွဲမနေတော့ပါချေ။

ကျိယွီရှောင်က သူ၏ နောက်ကျောကို ကြည့်ကာ လင်းလော့ချင်းကို မေးလိုက်လေသည်။

"သူက ဒီအတိုင်းပဲ ထွက်သွားတာလား... ပေါက်စီနည်းနည်း ပို့ဖို့ ဒီအထိတောင်လာတာပေါ့..."

လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။
"သူက တော်တော် အလုပ်များတယ်..."

ထို့အပြင် ရှစ်ကျန်းက သူ၏ ကရုဏာတရားအား ရည်မွန်မှုဖြင့် ပေးအပ်နေခြင်းသာ ဖြစ်ပေသည်။ သူက ရှစ်ကျန်းကို အမြဲတမ်းပင် ကောင်းကောင်းဆက်ဆံခဲ့ခြင်းကြောင့် ရှစ်ကျန်းသူ့အား အလိုလိုစိတ်ပူသည့် ကိစ္စများ ရှိနေသည်မှာ သဘာဝကျပေသည်။

သို့သော် ၄င်းက ဤမျှသာဖြစ်သည်။ သူတို့ကြားတွင် မည်သည့် မရေရာမှုမှ မရှိသလို လိုအပ်သည်ထက် ပိုမိုနက်နက်ရှိုင်းရှိုင်း ရှာဖွေလိုသော အတွေးလည်း မရှိပါပေ။သူက မလုပ်သင့်သည့် မည်သည့်အရာကိုမှ မလုပ်ပေ။

လင်းလော့ချင်းက လိုအပ်ပါက ရှစ်ကျန်းမှာ နောက်တွင်​နေပြီး သူနှင့် ကိစ္စအချို့ လုပ်ဆောင်ပေးမည်ဖြစ်သည်။ လင်းလော့ချင်း လိုအပ်သည့်အရာ မရှိပါက ရှစ်ကျန်းသည်လည်း အချိန်ဆွဲနေမည် မဟုတ်ပါပေ။

လင်းလော့ချင်းက အမှန်တကယ်တွင် ထိုစရိုက်မျိုးအား အတန်ပင် လေးစားလှသည်။ သူက ထိုကဲ့သို့ လူများနှင့် ဆက်ဆံရသည်မှာ မည်သည့်ဖိအားမှ မခံစားရပဲ ရှစ်ကျန်းဘေးတွင် သက်သောင့်သက်သာဖြစ်သည်ဟု ခံစားရပေသည်။

ငါက ဗီလိန်ရဲ့ပါပါး (ဘာသာပြန်)Where stories live. Discover now