... I want to see you lose control..
****
Alittle warning...
SENORITA, your look can kill.
နံနက်ပိုင်း...
ဟူး...
လေပူတစ်ချက် မှုတ်ထုတ်လိုက်မိသည်...။ ညတုန်းက အတော်လေး လွန်ထားသည့် ကိုယ့်အတိုင်းအတာကို သိသည်...။
ဒါကိုပင် ထိုတစ်ယောက်ကတော့ နာကျင်မှုကို ထိန်းကာ မီးဖိုခန်းထဲ ဘာတွေ လုပ်နေသည်လဲ မသိတော့....။
အလုပ်ကိစ္စ ရှိလို့ အရေးတကြီး Lamorတို့နှင့် သွားတွေ့ရတော့မည် ဖြစ်သည်...။ အခန်းထဲက အံဆွဲတစ်ခုကို နောက်သို့ ဆွဲကာ ထုတ်လိုက်မိသည်...။ ထိုအံဆွဲထဲမှ ဘောင်ခွက်များဖြင့် ရှိနေသည့် Necktie အလိပ်များထဲမှ တစ်ခုကို ထုတ်ကာ ယူလိုက်မိသည်...။
ထို့နောက် လည်တိုင်မှာ သိုင်းချည်လိုက်မိသည်...။ မှန်ကြည်ဘောင်ထဲမှာ ချိတ်ဖြင့် ချိတ်ကာ ရှိနေသည့်အထဲမှ ကုတ်အကျီ် တစ်ထည်ကို ယူလိုက်ပြီး ဝတ်လိုက်မိသည်...။
ထို့နောက် နာရီ၊ ဖိနပ်အလုံးစုံ ပြင်ဆင်ပြီးသည့် နောက်မှာတော့ အောက်သို့ ဆင်းလာခဲ့မိသည်...။ ထိုအချိန်မှာတော့... မိမိအနား အလျင်အမြန် လျှောက်ကာလာနေသည့် အကောင်အထည်...
(မနက်စာ... စားသွားပါနော်)
သူ့ပုံစံကို ကြည့်ပြီး မျက်မှောင်ကျုံ့လိုက်သည့် အချိန်မှာတော့ သူက ချက်ချင်းဆိုသလို လက်ကို တွဲထားသည့် သူ့လက်ကို ဖြုတ်ချတော့မလိုပင်...။
"အရေးကြီး သွားစရာရှိတယ်...။ ဒီထဲမှာပဲနေ ဘယ်မှမသွားနဲ့..."
(.......)
သူကတော့ တစ်ခုခု တောင်းဆိုဟန်ဖြင့် မိမိကို ကြည့်လာပေမယ့် ဒီအတိုင်း ဥပေက္ခာပြုပြီးတော့သာ အိမ်ထဲက ထွက်လာမိတော့သည်...။
Dark light hotel
မျက်ဝန်းတွေ...
အားငယ် သိမ်ငယ်နေသလို ရှိနေသည့် အနေအထား...။သူက ဘာကိုပြောချင်ခဲ့တာလဲ?
ကျစ်~~
အဲ့ဒီကတည်းက အတွေးအားလုံးက ခေါင်းထဲက ထုတ်လို့ မရတော့...။Knock~~~
အတွေးဖြင့် နယ်ချဲ့နေတုန်းပင် တံခါးခေါက်သံကြောင့် sofa ပေါ် မောဟိုက်မှုနှင့်အတူ လဲချထားမိသည်...။
![](https://img.wattpad.com/cover/340876461-288-k310958.jpg)