{Unicode}
... ငါ့ရင်သွေးနှင့် ငါ့အပိုင်...
***
ရက်အနည်းငယ် ကြာသောအခါ...
အရင်တစ်ခါ သူ့ဆီ စိတ်ပူပြီး သွားကြည့်ခဲ့တဲ့ နောက်ပိုင်းမှာတော့ ကျွန်တော် အိမ်ထဲနေ အိမ်ပြင်ကို သိပ်ပြီး ထွက်ဖို့ မကြိုးစားတော့....။
ပြီးတော့ ကျွန်တော့်ဗိုက်ထဲက ခေါင်းဆောင် ရင်သွေးလေးကလည်း တဖြည်းဖြည်း ဖွံ့ဖြိုးလာပြီး ဖြစ်သည်....။
ဒီတော့ ဒီကလေး လုံခြုံဖို့အတွက် ကျွန်တော် တတ်နိုင်သမျှ ထိန်းသိမ်းရမည် ဖြစ်သည်...။ တဖြည်းဖြည်းနဲ့ အိမ်ထဲကနေ အိမ်ပြင်ကို သိပ်ပြီး မထွက်သည့် အချိန်မှာတော့ မမက ကျွန်တော်နှင့် ခေါင်းဆောင်အကြောင်းကို သိလိုစိတ်ဖြင့် အတင်းအကြပ် မေးတော့သည်....။
"အိမ်ထဲကနေ မထွက်တော့ဘူးလား မုဒယ...။ ပြီးတော့ ခေါင်းဆောင်ကို ဘာလို့ ရှောင်နေတာလဲ? ခေါင်းဆောင်က မင်းပြောသလို အတိတ်မေ့နေဟန်လည်း မရှိပါဘူး...။"
ဒီမေးခွန်းကို အကြိမ်ကြိမ် အခါခါ ရှောင်လွှဲဖို့ ကြိုးစားပေမယ့် အခုတစ်ခါမှာတော့ ရှောင်လွှဲလို့ မရတော့ပြီ ထင်သည်...။ မမကတော့ လုံးဝ အလျှော့ပေးဟန် မရှိချိန်မှာတော့ ကျွန်တော် ဘာမှမတွေးတော့ဘဲ မမကို အမှန်အတိုင်း ဖွင့်ပြောဖို့သာ ကြိုးစားလိုက်မိတော့သည်...။
အပေါ်မှ အကျီ် ကြယ်သီး တစ်ခုပြီး ဖြုတ်လိုက်မိသည်...။ မမကတော့ အခုထက်ထိ ပဟေဠိ တစ်ခုလိုပင် ရှိနေသည့် ပုစ္ဆာတစ်ပုဒ်ကို အဖြေရှာနေရသလိုပင်...။
ကျွန်တော်လည်း ဆက်ပြီး မမရဲ့ သိလိုစိတ်ကို ဖုံးကွယ်လို့ မရသည့် အဆုံးမှာတော့ ကိုယ်ပေါ်မှ အကျီ်ကို ကြယ်သီးဖြုတ်ကာ အနည်းငယ် ခန္ဓာကိုယ်ပေါ်မှ လျှောကျစေသည်....။
မမကတော့ ကျွန်တော့်ရဲ့ အပြုအမူများကို နားမလည်နိုင် ရှိနေပေမယ့် ကျွန်တော့်နောက်ကျောပြင်မှ တက်တူးများကို တွေ့စဥ်မှာတော့ မျက်လုံးများ ပြူးကျယ် သွားလေသည်....။
"မုဒယ... ဘယ်လိုဖြစ်လို့?"
မမက ကျွန်တော့်ကျောပြင်ပေါ်မှ တက်တူးများကို အာရုံစိုက်နေတုန်းမှာပင် ကျွန်တော့်ကြယ်သီးများကို ပြန်လည်တပ်ဆင်ပြီးသည့်နောက်.... တည်ငြိမ်စွာဖြင့်ပင်....။
