{Unicode}
... အစကတည်းက...
အဲ့ဒီငှက်ကလေးကို နှောင်ဖို့က
ငါ မပိုင်တာမို့...။
နောက်တစ်နေ့...
ညနေပိုင်း...
ဒီနေ့ တစ်နေ့လုံး ကောင်းကင်တစ်ခုလုံး မြူတွေ ဆိုင်းနေသည်...။ ချင်းတောင်းတန်းမှ ထင်းရှုးပင်များနှင့် အရာရာက နှင်းတောထဲ တိုးဝင်ပျောက်ကွယ်လျက်... ။ ဒီနေ့ ညနေပိုင်းမှာတော့ လေ့လာရေး လာဆင်းတဲ့ ကျောင်းသားများကို လိုက်ပို့ပေးရမည် ဖြစ်သည်..။
"တက်... တက်.. ပစ္စည်းတွေ မေ့မကျန်ခဲ့စေနဲ့ .. သေချာစစ်နော်..။ သေချာစစ်ပြီး တစ်ယောက်မကျန် စစ်ပြီးတာနဲ့ ထွက်ကြစို့ .. ညနက်သွားရင် မကောင်းဘူး.."
ခေါင်းဆောင်ကတော့ မနက်ကတည်းက အသံတိတ်နေပြီး ဘာစကားမှ မပြောလာသေးပါ..။ သူ့ပုံစံက တစ်စုံတစ်ခုကိုသာ နက်နက်နဲနဲ စဥ်းစားနေပုံရပါသည်...။
၁၅နှစ်သားလေးကတော့ ခေါင်းဆောင်ကို တစ်ခါတစ်လေ ကြည့်တတ်ပေမယ့် သူ့ရဲ့လွတ်မြောက်ချင်စိတ်ကိုတော့ ထိန်းမရ ဖြစ်နေခဲ့ပုံရပါသည်...။
သြော်...
နိုင်ငံခြားမှာ မွေးခဲ့သည့် ခေါင်းဆောင်။
နိုင်ငံခြားမှာ ကျင်လည်ခဲ့သည့် ခေါင်းဆောင်က ရွှေအိုရောင် ကောင်မလေးတွေအစား.... ၁၅နှစ်သားလေးအပေါ်မှာပဲ သူ့စိတ်အာရုံတွေက အပြည့်အဝတည်လျက်....။
ခေါင်းဆောင်ရဲ့ အေးစက်စက်ပုံက ပုံမှန်ဆိုပေမယ့် အခုက ပုံမှန်ထက်ပိုပြီး ဆိုးနေသည်မို့ မနေသာတော့သည့်အဆုံး ခေါင်းဆောင်အနားသို့...။ ခေါင်းဆောင် ရှိနေသည့် ဂိတ်တဲက ဝါးကွပ်ပျစ်တစ်ခုအနားသို့ သွားထိုင်ကာ...
"ခေါင်းဆောင်... အဆင်မပြေရင်လည်း မလွှတ်လိုက်ဖို့ အကြံပြုချင်ပါတယ်...။"
ခေါင်းဆောင်နက်နက်နဲနဲ ခံစားနေရတာကို မကြည့်ရက်တော့ဘဲ ပြောလိုက်ပေမယ့် ခေါင်းဆောင်က မိမိဆီ ကြည့်လာပြီး ခေါင်းကိုခါရမ်းလာသည်။
"ဖိုးစောမြတ်..."
"ဟုတ်ကဲ့ ခေါင်းဆောင်..."
"တစ်ခါတစ်လေ... အတ္တရှိတာကောင်းပေမယ့် တစ်ချို့အတ္တတွေက မရယ်ရဘူး...။"