ဇာတ်သိမ်းပိုင်း

24.2K 710 26
                                    

{Unicode}

...My senorita ...

****

တစ်ပတ်...
တစ်ပတ်တိတိ ကျွန်တော် ခေါင်းဆောင်ကို တိုက်နယ်ဆေးခန်းမှာရော၊ သူ့အိမ်မှာရော စောင့်နေခဲ့ရသည်။

သူကတော့ သေနတ်ဒဏ်ရာများကြောင့် အခုထက်ထိ သတိမရလာသေး။ ကျွန်တော်လည်း ငိုရှိုက်ရလွန်းလို့ မောလာပြီ ဖြစ်သည်။ကုတင်ပေါ်မှာ အခုထက်ထိ ပြန်သတိမလည်လာသေးသည့် ခေါင်းဆောင်လက်ကို ကိုင်ကာ မျှော်လင့်တကြီး ငေးနေမိသည်။

ခေါင်းဆောင်...
အဲ့လိုကြီး စိတ်ချလက်ချနဲ့ မထားခဲ့ပါနဲ့။
ခေါင်းဆောင်ရင်သွေးလေးအတွက် မုဒယ မျက်နှာမပြရဲသေးဘူး...။

ခေါင်းဆောင်ကို လုပ်ကြံခဲ့တဲ့ Danielကတော့ အသက်ဆုံးရှုံးခဲ့ပြီး ကျန်တဲ့ သူများကတော့ သေနတ်ဒဏ်ရာ အသီးသီးဖြင့်ပင်။ အခုလောလောဆယ်တော့ ခေါင်းဆောင်ရဲ့ လက်ထောက်အဖြစ် ဖိုးစောမြတ်က နယ်အတွက် စီမံမှုအပိုင်းကို တာဝန်ယူထားသည်။

အခုတော့ တိုက်နယ် ဆေးခန်းကနေ ခေါင်းဆောင် အိမ်ရှိရာသို့..။

"ဘယ်လိုလဲ? သတိမရသေးဘူးလား?"

"ဟုတ်ကဲ့ မရသေးဘူး ဖိုးစောမြတ်.."

"ခဏနားလိုက်ဦးနော်... ဗိုက်ထဲမှာ ကလေးလေးနဲ့လေ.. တော်ကြာ ကလေးလေးအတွက် မကောင်းဘူး"

"ရပါတယ် ဖိုးစောမြတ်.. ခေါင်းဆောင် နိုးလာတာကို ကျွန်တော် တွေ့ချင်တယ်.. ခေါင်းဆောင် ထမလာမချင်း ကျွန်တော် စားလို့ ဝင်မှာမဟုတ်ဘူး"

"ဒါပေမယ့်_"

"စိတ်မပူပါနဲ့... ကျွန်တော်... ခေါင်းဆောင် ပြန်လာတဲ့ အထိ နေကောင်းအောင် နေပါ့မယ်။ ခေါင်းဆောင် သူ့အသက်နဲ့ ရင်းပြီး ကာကွယ်ခဲ့တဲ့ ဒီခန္ဓာကိုယ်ကို.. ဘာမှမဖြစ်စေရဘူးလို့ ကတိပေးပါတယ်.."

"ဟူး ကောင်းပါပြီ.. ဒါဆို ဂိတ်တဲဘက်က အခြေအနေကို တစ်ချက် သွားမေးလိုက်ပါဦးမယ်..။ ခေါင်းဆောင် နိုးလာတဲ့ အချိန်ကို ကျုပ်လဲ မြင်ချင်ပါတယ်။"

"အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်.. ဖိုးစောမြတ်.."

"မလိုပါဘူး... အဲ့ဒါထက် ခေါင်းဆောင် အခုတစ်ခါ ပြန်လာရင်သာ စိတ်မနာတော့ဘဲ သူ့အနားမှာ ရှိနေပေးပါ..။ ပြောရမယ်ဆိုရင် ပျော်ရွှင်နေတဲ့ ခေါင်ဆောင်နဲ့ သူ့မိသားစုကို မြင်ချင်မိတယ်။ ဒီနယ်က ခေါင်းဆောင်ရဲ့ အုပ်ချုပ်မှု အပိုင်းတွေ လိုအပ်နေတယ်... ခေါင်းဆောင် လူ.."

D's ®- My SENORITA (Completed)Donde viven las historias. Descúbrelo ahora