Part.1

18.5K 229 0
                                    

2010ခုနှစ်.ဒီဇင်ဘာ15ရက်နေ့....

''မင်းပါးစပ်ကိုပိတ်လိုက်တော့သက်ထား မင်းထင်တာတွေလျှောက်ပြောမနေနဲ့ ငါနဲ့ရွှေစင်ကမင်းထင်သလိုမဟုတ်ဘူး''

''ထင်တာမဟုတ်ဘူး မြင်တာ ကျွန်မမျက်စိနဲ့တပ်အပ်မြင်တာ ရှင်ဘာလို့ဖောက်ပြန်ရတာလဲ''

ဦးစက်သာမှာဇနီးဖြစ်သူကိုရှင်းပြရနေရသလို ကားကိုလည်းဂရုတစိုက်မောင်းနေရသည်။
အချိန်အခါမဟုတ်ရွာချလာတဲ့မိုးသံတွေနဲ့အတူသူတို့ကားလေးကအော်သံဟစ်သံတွေနဲ့ဆူညံ၍နေလေ၏။

''သားမျက်နှာကိုမှမထောက်ရှင်လုပ်ရက်တယ် သားကအခုဆိုလူပျိုဖြစ်နေပြီ သားဘယ်လောက်ရှက်လိုက်မလဲ မယားငယ်မနဲ့ကလေးပါမွေးထားသေးတယ်ဟုတ်လားလူ့ငနွားကြီး''

''မင်းပါးစပ်ကိုပိတ်လိုက်တော့နော်သက်ထား ငါစိတ်တိုလာပြီ ငါမင်းကိုသေချာရှင်းပြမယ်လို့ပြောပြီးသားလေ''

''ရှင့်ပါးစပ်ကထွက်လာသမျှကအလိမ်အညာထက်ပိုမှာမဟုတ်ဘူး ကျွန်မရှင့်ကိုသေအောင်မုန်းတယ်''

ဒေါ်သက်ထားခင်ပွန်းဖြစ်သူအားထုရိုက်ပစ်တော့ဦးစက်သာလည်းကားမောင်းနေရင်းမှဇနီးဖြစ်သူလက်ကိုရှောင်ရင်းတစ်ဖက်လာနေတဲ့ကားနဲ့တိုက်မိမလိုဖြစ်သွား၍ကားစတီယာတိုင်ကိုလှည့်ချလိုက်ရာကံဆိုးစွာနဲ့သူ့ကားလေးကကုန်ကားတစ်စီးရှေ့တည့်တည့်ကိုရောက်သွားတော့သည်။

ဒေါသတွေနဲ့ပူလောင်နေပြီးကားခါးပတ်ပတ်ဖို့လည်းသတိမရတော့သောဒေါ်သက်ထားရောဦးစက်သာပါနေရာမှာတင်ပွဲချင်းပြီးဆုံးပါးသွားခဲ့လေ၏။

ခုတော့မိုးသံလေသံတွေကလွဲလို့အရာအားလုံးဟာတိတ်ဆိတ်နေလျက်။

••••••••

မိဘနှစ်ပါးရဲ့ပုံကိုပိုက်ကာငူငူငိုင်ငိုင်ကြီးဖြစ်နေသောတူဖြစ်သူနားဒေါ်ထိပ်ထားရောက်လာပြီးဘေးမှာဝင်ထိုင်ကာ

''သား ထမင်းစားကြစို့လေ''

သူခေါင်းသာရမ်းပြလိုက်၏။

''ထမင်းမစားလို့တော့မရဘူးလေကွယ် အဲလိုနဲ့သားပါကျန်းမာရေးထိခိုက်လိမ့်မယ်''

You are mine [completed]Where stories live. Discover now