Unicode
*********မိုးသည်းထန်စွာ ရွာသွန်းနေသော NY မြို့ပြရဲ့ ညတစ်နေရာ၌ ကားတစ်စီးဟာ မိုးစက်တွေကြား အရှိန်ပြင်းပြင်း မောင်းနှင်နေလျက်။ ကားပေါ်တွင်တော့ မေးရိုးထင်းထင်း မျက်ခုံးထူထူနှင့် လူတစ်ယောက်ဟာ စီးကရက်ကို နှုတ်ခမ်းထက် အသာခဲကာ လက်ချောင်းတွေဟာ ကားစီယာတိုင်ပေါ် သီချင်းသံနှင့်အတူ စည်းချက်ကျကျ တတောက်တောက် လှုပ်ရှားလျက်။
ထိုစဉ် အဝင်ဖုန်းcallကြောင့် Bluetooth နားကြပ်ချိတ်ကာ ပြန်ဖြေလိုက်သော သူ့အသံက ဩရှရှ deep voiceနှင့်။
"Hello"
"Becareful ur step-mom"
"What? "ဖုန်းသံက တတီတီနှင့် ခေါ်ဆိုမှု ပြတ်တောက်သွားကာ မျက်နှာခြင်းဆိုင်မှ ရုတ်ချည်း စူးခနဲ အလင်းရောင်ထွက်လာပြီး သူ့မျက်ဝန်းတွေကို အလိုလို ကာမိသွားကာ ကားစီယာတိုင်ကိုပါ တစ်ဖက်လမ်းဘေးသို့ ကွေ့ချလိုက်ပါသော်လဲ......
ခါးလည်ကနေ ဖြတ်တိုက်ခံလိုက်ရတဲ့ ကားလေးဟာ နှစ်ပတ်သုံးပတ်ခန့် လှိမ့်ထွက်သွားပြီး ကားဘန်ကာနှင့် ကားလမ်းမ ပွတ်တိုက်သံက ညသန်းခေါင်ထက်မှာ ကျယ်လောင်စွာ မြည်ဟိန်းလျက်။ကားထဲမှာ သွေးသံရဲရဲနှင့် သတိလစ်နေသောလူကို ငုံ့ကြည့်လိုက်ပြီး
" He is dead "
နောက်တော့ ထိုလူဟာ သူ့ကုန်တင်ကားပေါ် ပြန်တက်ကာ တိတ်တဆိတ်ထွက်ခွာသွားလေလျက်။
တစ်နှစ်ခန့် ကြာပြီးနောက်
ရန်ကုန်မြို့ပြရဲ့ တေးသံသွင်း studio ၌ အသက် ၂၅နှစ်အရွယ် ကောင်လေးဟာ သီချင်းကို ခံစားချက်အပြည့်ဖြင့် အသံချိုချိုနှင့် ညို့ယူဖမ်းစားနေလျက်။ သီချင်းဆုံးသွားသည်နှင့် လက်ခုပ်သံတွေ မြိုင်သွားကာ ပရိုဂျူဆာတွေထံမှ ချီးကျူးသံဟာ အစီစီအရီရီ ထွက်ပေါ်လာလေသည် ။
"Congrats မြူရိပ်၊ ဒီ album လဲ ပေါက်ဦးမယ် ထင်တယ် ၊မင်းကတော့ အနာဂတ် သာယာပြီဟေ့"
ဆံပင်ကို ခပ်အုပ်အုပ် ညှပ်ထားပြီး နားတွင် နားကပ် ၃ ရံလောက် ပန်ထားတဲ့ ကောင်လေးဟာ ပရိုဂျူဆာတွေကို ပြန်ရီပြရင်း
"ဒါပေါ့ဗျာ၊ ကျွန်တော့်မှာ နိုက်တင်ဂေလ်း ငှက်လေးရှိနေတာကို မပေါက်နေမလားဗျ"
YOU ARE READING
(Completed)လေငွေ့သွင်သွင် ဝှေ့ထင်ထင် ချစ်တေးသံစဉ် ပျံ့လွှင့်၏
Fantasyမျက်မမြင်တစ်ယောက်ရဲ့ အသံပြတင်းပေါက်ငယ်