လေငွေ့သွင်သွင်(၁၉)

291 17 0
                                    

Unicode
*********
ဝါဆိုလပြည့်နေ့။
နီယွန်တစ်ယောက် ပုဆိုးကော့ကော့ဖြင့် စတိုင်မိမိမိုက်မိုက်။ ပယင်းက ထိုစတိုင်ကို ဓာတ်ပုံတစ်ချပ်ချပ်ရိုက်ကာ ရိီလို့။
"ဆိုင်ကယ်နဲ့ သွားရအောင်လေ"
"သက်သာပြိီလို့ ၊လမ်းလျှောက်နိုင်ပါပြီဆို"
"Ok ok"
ပယင်းတို့ လေးယောက်သား ဘုန်းကြီးကျောင်းကို ချီတက်ခဲ့ကာ ရှမ်းရိုးရာ အိုးစည်ဘုံမောင်းက ဘုန်းကြီးကျောင်းထဲ ဆိုင်ဆိုင်မြိုင်မြိုင်။ အကြိုညထဲက တီးမှုတ်သီဆိုကြတာဖြစ်ပြီး တရားမစခင်အထိ မရပ်မနား။ တစ်ဦးညောင်းလျှင် နောက်တစ်ဦးက လက်လွှဲယူကာ ပျော်ပျော်ပါးပါး။ နီယွန်ကတော့ အခုမှ မြင်ဖူးကာ အရာအားလုံးကို တအံ့တဩ လျုက်ငေးလို့။ ပယင်းထံမှလဲ အားလုံးကို မှတ်တမ်းတင်သံ တချပ်ချပ်။ ချစ်ထူးနဲ့ ဒွေးကြည်ကတော့ သူတို့၂ယောက်ကို လွတ်ထားလိုက်ကာ သူ့အစုနှင့်သူ စကားတွေ ဖောင်ဖွဲ့လို့။

နီယွန် ပယင်းကင်မရာထဲက ပုံတွေပြန်ကြည့်ရင်း
"ကိုယ်တို့ အပြန်ကျ ဓာတ်ပုံသွားကူးရအောင် ၊ အရင်ကပုံတွေလဲ ရှိသေးတယ်မလား"
ပယင်းရှက်ဝဲဝဲနှင့် ခေါင်းငြိမ့်လိုက်သည်။ ထိုပုံတွေက သူတို့ဝေးကွာနေစဉ် နှစ်ဝက်အတွင်း သူ့အတွက် အလွမ်းဖြေစရာတစ်ခုဆိုတာ သူသာအသိ။
တစ်မနက်လုံး ဘုန်းကြီးကျောင်းမှာ အချိန်ကုန်ခဲ့ကာ ညနေတော့ ဓာတ်ပုံတိုက်သို့။ ပုံတွေ ရာနှင့်ချီထုတ်ခဲ့ရပြီး ဆိုင်ရှင်တောင်မှ တအံ့တဩ။  အများစုက နီယွန်ပုံတွေသာ။
" မရဘူး ပျင်းပုံကျ နည်းနည်းလေး။ မနက်ဖြန်ကျ အများကြီး သွားရိုက်မယ်"
"ကလေးကျနေတာပဲ နီယွန်ကလဲ"
"Oh that point ! that point! how old are U Amber?"
"I don't know exactly. Cause as I'm orphan, mom say that she found me in the midnight of November 11,1997 . "

နီယွန်ကိုယ်လေးက တောင့်ခနဲ။ ပယင်းမသင်္ကာစွာ မျက်လုံးမှေးလိုက်ပြီး နီယွန်ကို ကြည့်လိုက်သည်။
"you ?Mr,Nion"
နီယွန်မျက်လုံးက ဟိုကြည့်ဒီကြည့်။
"No let a lie"
နီယွန်မျက်နှာမဲ့သွားကာ
"1998, January ,25"
ပယင်းထရီလိုက်ကာ
"U R younger than me, hello my little boy"
"Just 2 months, and I'm not little boy. I'm your man Amber."
ဖြတ်ခနဲ အနမ်းတစ်ပွင့်ဟာ ပယင်းနှုတ်ခမ်းထက် ‌နွေးခနဲ။
ပယင်းပတ်ဝန်းကျင်ကို ကမန်းကတမ်းကြည့်လိုက်ကာ နီယွန်ကို အသာရိုက်လိုက်သည်။
" U little idiot, လူတွေမြင်ကုန်မယ်"
" So what ?"
ပယင်းမျက်စောင်းထိုးကာ
"လူဆိုးကြီး"

(Completed)လေငွေ့သွင်သွင် ဝှေ့ထင်ထင် ချစ်တေးသံစဉ် ပျံ့လွှင့်၏Where stories live. Discover now