လေငွေ့သွင်သွင်(၉)

389 25 0
                                    

Unicode
*********

"Relax.. Neon ..၊ open your eye slowly"

ဆရာဝန် ညွှန်ကြားချက်အတိုင်း နီယွန် မျက်ခွံတွေကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သည်။ ဆေးရုံခန်းမှန်နံရံထက်မှာ နေခြည်နွေးနွေးက သူ့မျက်ဝန်းအတွင်း ရှင်းလင်းကြည်လင်စွာ...။

နီယွန် မျက်ဝန်းပြန်မှိတ်လိုက်ပြီး
"Sorry doctor ...it not work"

နီယွန် စကားကြောင့် ဆရာဝန် သက်ပြင်းချကာ
"Don't depress Neon. It will be ok next time"
နီယွန် ခေါင်းငြိမ့်ပြကာ အိပ်ရာပေါ် ပြန်လှဲချလိုက်သည်။ သူ့ရင်ဟာ ပျော်ရွှင်မှုဖြင့် တဒိတ်ဒိတ်ခုန်လျက်။
"Amber ..ကိုယ် မင်းကို မြင်နိုင်တော့မယ်"

Amelia လှောင်ပြုံးပြုံးပြီး ဒေါက်ဖိနပ် တဂွပ်ဂွပ်သံဖြင့် အခန်းပြင်ထွက်သွားတော့သည်။

"He is still blind ၊ keep doing your jop, and  cancel about to  kill him . Now he is just a loser .

နှုတ်ခမ်းဖျားက စီးကရက်ကို အငွေ့ထောင်းထောင်းထအောင် မှုတ်ထုတ်လိုက်ပြီး အမိန့်ပေးလိုက်သည်။

"Miss , hospital is no smoking zone"

Amelia  မျက်ဝန်းတွေက ထိုစကားလာပြောသော သူနာပြုထံရောက်သွားပြီး နှုတ်ခမ်းက ဆေးလိပ်ကို ဖြုတ်ကာ လက်ချောင်းကြား ကစားလိုက်ပြီး ရုတ်တရက် ထိုစီးကရက်ကို သူနာပြုမလေး၏ ပါးထက်မှာ ထိုးချေမွလိုက်သည်။

"အား!!!!!!!"
စပ်ဖျဉ်းဖျဉ်းဒဏ်နှင့်အတူ သူနာပြုမလေးရဲ့ အော်သံက လျောက်လမ်းတစ်လျောက် ဆူညံသွားပြီး အသားညှော်နံ့က ထောင်းခနဲ ထွက်လာတော့သည်။
" Thank you about your ashtray"

သူနာပြုမလေးက သူ့ပါးပြင်ကို အုပ်ကာ မျက်ရည်သွင်သွင် စီးကျလာပြီး သူ့ရှေ့ကမိန်းကလေးကို သရဲတစ်ကောင်အလားကြည့်ကာ လှည့်ပြေးပြီး security ကို ပြေးခေါ်တော့သည်။
Amelia ‌လက်ရမ်းဘောင်ကို မှီကာ စီးကရက်အသစ်ထပ်ထုတ်သောက်လိုက်ပြီး သူနာပြုကောင်မလေး ပြေးသွားသည့်ဖက် ကြည့်ကာ ရီလိုက်ပြီး
"Kill her"

သိပ်မကြာလိုက် ဆေးရုံ သန့်စင်ခန်းထဲတွင် အလောင်းတစ်လောင်း တွေ့ရှိမှုနှင့် ဆေးရုံတစ်ခုလုံး ရဲဝန်ထမ်းတွေ အပြည့် ဖြစ်သွားရသည်။
နီယွန် ကားပေါ်ကနေ နီယွန်မီးရောင်စုံကိုလိုက်ကြည့်ပြီး မကြာခင် တွေ့ရတော့မယ့် အဖေဖြစ်သူကို ပြန်မြင်ယောင်မိသည်။ သူ့အသက် ၁၅နှစ်မှာ မိခင်ဆုံးပြီး ၁နှစ်တောင် မကြာလိုက် သူ့အတွက် မိဒွေးတစ်ယောက် ရောက်လာခဲ့သည်။ သူ့ မွေးစားညီမ Amelia ။  သူ့ထက် ၂နှစ်ငယ်တဲ့ သူ့မွေးစား ညီမဟာ သူ့မိဒွေးဖြစ်လို့လာသည်။ နောက်ပြီး သူ့ရပိုင်ခွင့် အမွေတွေဟာလဲ Amelia လက်တွင်းသို့ ။

(Completed)လေငွေ့သွင်သွင် ဝှေ့ထင်ထင် ချစ်တေးသံစဉ် ပျံ့လွှင့်၏Where stories live. Discover now