လေငွေ့သွင်သွင်(၃)

623 36 0
                                    

Unicode
********

နေခြည်နွေးပျပျက ခန်းစီးလိုက်ကာကြားကနေ ဖြတ်၍ အခန်းထဲသို့ ခပ်သဲ့သဲ့ တိုးဝင်နေလျက်။ ခေါင်းရင်းက နှိုးစက်အသံနှင့်အတူ နီယွန် နိုးလာပြီး နှိုးစက်ကို ပိတ်ကာ အိပ်ရာဘေးက တုတ်‌ကို လှမ်းယူလိုက်သည်။ နောက် သူကျင့်သား ရနေတဲ့အတိုင်း အိပ်ရာပေါ်ကထ ဖိနပ်အနွေးစီးကာ ရှေ့တည့်တည့်သို့ ဆယ်လှမ်း၊ နောက် ဘယ်ဖက်သို့ ၇လှမ်း ။
သူ့တုတ်ကနေ ဘေစင်ကို ထိမိသံ ထွက်လာတော့ တုတ်ကို ဘေစင်ပေါ်တင်ကာ သူကျင့်သားရနေပြီးသား မျက်နှာသစ်ခြင်း အလုပ်ကို ချောမွေ့စွာ ပြုလုပ်လိုက်သည်။

"ကလေး ကော်ဖီ အသင့်ဖြစ်ပြီနော် ၊ အဒွေး ဈေးသွားလိုက်ဦးမယ် "
" Ok ကျေးဇူး"

မျက်နှာသစ်နေတဲ့ ကောင်လေးက နွေးထွေးစွာ ပြန်ဖြေလျက်။ သိပ်ကို ချောမောတဲ့ မျက်နှာလေးဟာ မေးရိုးထက်မှာ အမာရွတ်သေးသေးရှိနေတာတောင် ချောမောနေဆဲ။

တစ်ခုသာ....။
ဘယ်တော့မှ မြင်နိုင်တော့မှာ မဟုတ်တဲ့ မျက်ဝန်းတွေ။

လွန်ခဲ့တဲ့ ၁နှစ်က ကားတိုက်မှုကြောင့် နီယွန်ရဲ့ မျက်ဝန်းတွေက မျက်ကြည်လွှာ ပျက်စီးသွားပြီး အစားထိုးနိုင်မယ့် မျက်ဝန်းမရှိသ၍ ပြန်မမြင်နိုင်တော့။ စဖြစ်ထဲက ဆေးရုံမှာ စာရင်းပေးထားပေမယ့် အခုထိ နီယွန် အလှည့် မရောက်နိုင်သေး။ ထို့ပြင် သူ့ယဉ်တိုက်မှုဟာ သွေးရိုးသားရိုး မဟုတ်တာကြောင့် သူ့လူယုံ ဦးလေးနှင့် တိုင်ပင်ကာ သေဆုံးသွားပြီလို့ သတင်းလွှင့်လိုက်ရင်း မြန်မာပြည်က တောင်ပေါ်မြို့လေးမှာ ဇာတ်မြှုပ်နေထိုင်ရင်း နီယွန်ဟာ အမှောင်ထုကို နေသားကြလို့နေပြီ။

တုတ်‌ကို အမှီပြုကာ အိမ်တစ်အိမ်လုံး အနှံ့သွားနိုင်သည့်အပြင် အခုနောက်ပိုင်း ခြံဝင်းထဲပင် သွားတတ်နေပြီ။
နောက် အိမ်အကူ အဒေါ် ပြုလုပ်သွားသေးတဲ့ ကော်ဖီနွေးနွေးနှင့်အတူ အဆာပြေ ကိတ်လေးစားကာ အိမ်ရှေ့သို့ ထွက်ခဲ့သည်။

"ချူး ချူး "
"လာပြီ အကိုလေးရေ"

ချစ်ထူး သူလုပ်လက်စ အလုပ်ကို ချခဲ့ကာ အကိုလေး နီယွန်ဆီ သွားလိုက်သည်။ သူ့နာမည် ချစ်ထူးဆိုပေမယ့် အကိုလေးက မခေါ်တတ်စွာ ချူးဟုသာ ခေါ်မြဲ။

(Completed)လေငွေ့သွင်သွင် ဝှေ့ထင်ထင် ချစ်တေးသံစဉ် ပျံ့လွှင့်၏Where stories live. Discover now