လေငွေ့သွင်သွင်(၂၀)

311 17 0
                                    

Unicode
*********
"နီယွန်"
"ဗျာ "
"ကျွန်တော်တို့ စီးပွားရေး တစ်ခုခုလုပ်ရင် ကောင်းမလားဟင်"
"ဘာဖြစ်လို့လဲ ၊ ဘယ်သူဘာပြောလိုက်လို့လဲ"
ပယင်း နီယွန်ကို ဖုံးကွယ်မရစွာ ရီလိုက်ရင်း
"မနေ့က ဈေးသွားတော့ ဈေးထဲက အဒေါ်‌ေတွက သားနဲ့ ဟိုနိုင်ငံခြားသားတို့ ဘာအလုပ်လုပ်ကြတာလဲလို့ ဝိုင်းမေးလိုက်လို့"

နီယွန် သူ့နိုက်တင်ဂေလ်းလေးရဲ့ ဆံနွယ်နုနုကို အသာဖီးပြီး ထိပ်မှာ ကြက်တောင်စည်း ပိစိလေး လုပ်ပေးလိုက်ကာ
"အဲတော့ ပျင်းက ဘာအလုပ်လုပ်ချင်လို့လဲ"

ပယင်း နီယွန်နဲ့နေရာလဲကာ နီယွန်ခေါင်းမှာ သူ့နည်းတူ ကြက်တောင်စည်းလေး စည်းပေးလိုက်ပြီး

"ကိတ်မုန့်ဆိုင် ဖွင့်ကြမလားဟင်။ရပ်ကွက်ဟိုဖက်ခြမ်းမှာပဲ ၂ဆိုင်လားမသိ ရှိတာ။ ကျွန်တော်တို့ဖက်မှာ ကိတ်မုန့်ဆိုင်မတွေ့ဘူး။ ကျွန်တော်အရင်က ကိတ်ဖုတ်သင်တန်းတက်ဖူးလို့ နည်းနည်းသိတယ်။ ကျန်တာ လိုင်းပေါ်က ရှာပြီးလုပ်ကြည့်လိုက်ရင် အဆင်ပြေမယ်ထင်တယ်။ ပြီးတော့ နီယွန် ခင်ဗျားလေးကလေ မနက်စာဆို ကိတ်နဲ့ကော်ဖီမပါလို့ မရဘူးဆိုတော့ ဒွေးကြည်ခင်မျာ မနက်မနက်ဆို ဟိုးဖက်ခြမ်းက ကိတ်ဆိုင်ထိ သွားသွားယူနေရတယ် ဝေးတယ်။ ကိုယ့်အိမ်လဲစားရင်း စီးပွားရေးလေးလဲ လူမြင်ရင်းပေါ့ "

"ပျင်း ပင်ပန်းမှာပေါ့။ ကိုယ် ကိတ်မဖုတ်တတ်ဘူးနော်"
"အကူငှားကြမလား။ ကော်ဖီဆိုင်လေးလဲ တွဲဖွင့်ရအောင်လို့။ ဒွေးကြည်ရဲ့ ကော်ဖီနှပ်တဲ့လက်ရာက ရှယ်နော်။ မြို့ပေါ်က ဆိုင်ကြီးတွေရဲ့ လက်ရာနဲ့ ယှဉ်လို့ရတယ်။"
"အင်း ကိုယ်ခဏနေ ချူးကို လက်သမားရှာခိုင်းပြီး ကိတ်ဖုတ်ဖို့ မုန့်ဖိုနဲ့ ဆိုင်ခန်းဆောက်ဖို့ လူရှာခိုင်းလိုက်မယ်။"
"အိုကေ "

နောက်တစ်ပတ်အကြာမှာတော့ ပယင်းနဲ့ နီယွန်တို့အိမ်ကြားက အပင်တံတိုင်းလေးဟာ အပေါက်အပေါက်တွေ ဖြစ်ကုန်တော့သည်။ အကြောင်းရင်းကတော့ ဆိုင်နံရံဖြစ်သွားခြင်းပင်။ ညီညီညာညာ ညှပ်ထားတဲ့ ခြံစည်းရိုးပင်ဟာ ကော်ဖီဆိုင်လေးရဲ့ နံရံဖြစ်သွားပြီး မီးသီးမီးကြိုးများသွယ်တန်းကာ စိတ်ကူးယဉ်ဆန်ဆန် လှလှပပ။  အပေါ်က အမိုးဖြူဖြူနှင့် မှန်လုံအိမ်လေးဟာ အုတ်တိုက်နှင့် ပျဉ်ထောင်အိမ်လေးကြားမှာ အမြင်ဆန်းဆန်းနှင့် ဖြစ်တည်လာရတော့သည်။

(Completed)လေငွေ့သွင်သွင် ဝှေ့ထင်ထင် ချစ်တေးသံစဉ် ပျံ့လွှင့်၏Where stories live. Discover now