လေငွေ့သွင်သွင်(၂၁)

286 17 0
                                    

Unicode
********
" အကြည့်ကြီးက ကြောက်စရာကြီး‌၊ ကိုယ်ဘာလုပ်မိလို့လဲ"
"နီယွန် ခင်ဗျား မှန်မှန်ပြော ၊ကျွန်တော့်ကို ထပ်လိမ်ထားပြန်ပြီမလား"
"ဟင် ကိုယ်မလုပ်ရပါဘူး"
"ဘာလို့မလုပ်ရမှာလဲ ဟမ့် "

ပယင်းမျက်စောင်းထိုးပြီး တစ်ဖက်ကို မျက်နှာလှည့်ပစ်တော့သည်။ နီယွန် လူဆိုးကြီး ။ ညတိုင်း စာသင်ခိုင်း စကားတွေသင်ခိုင်းပြီး စာမှန်လျှင် လေယူလေသိမ်းမှန်လျှင် ဆုအဖြစ် အနမ်းတစ်ပွင့်ပေးသည့် အလေ့ထက သူတို့ကြား ဖြစ်တည်နေတာ ကြာပြီ။ သူ့ဖက်ကပေးတာ အနမ်းတစ်ပွင့်ဆိုပေမယ့် နီယွန်ရဲ့ မွတ်မွတ်သိပ်သိပ်အနမ်းတွေနဲ့ အဆုံးသတ်သွားရတာကတော့ ချွင်းချက်ပေါ့လေ။
အခု နီယွန်က မြန်မာစကား ကျွမ်းကျွမ်းကျင်ကျင်တတ်သွားပြီးပြီဖြစ်လို့ ညတိုင်းသူ့ဆီက အနမ်းတွေ ခိုးယူနေတာ မဟုတ်ဘူးလားလို့။ အသားယူလွန်းတယ်!

နီယွန် သူဘာလိမ်ထားမိမှန်း ကိုယ်တိုင်တောင်မသိ။ ဒီကောင်လေးဟာလေ သူ့အပေါ်အနိုင်ယူလွန်းတယ်။ သူကလဲ အဲလိုအနိုင်ယူခွင့် ပြုထားတာကိုးလို့။

အိမ်ပြန်ရောက်တဲ့ထိ ပယင်းစကားမပြော။ စိတ်ဆိုးနေတာမဟုတ်ဘဲ သူ့စိတ်က တခြားအရာကို တွေးမိသွားသောကြောင့်ပင်။ သူနှင့် နီယွန် ယူဖြစ်ကြလျှင် ကလေးဘယ်သူမွေးမှာလဲလို့လေ။ နောက်မှ ကိုယ့်အတွေးနှင့်ကိုယ် ရှက်ပြီး နီယွန်ကို စကားမပြောဖြစ်တော့။
နီယွန်ကတော့ သူကိုယ်တိုင်ဘာမှားသွားလဲ မသိတာကြောင့် ဘယ်လိုချော့ရမယ်မသိ။

အိမ်ထဲ တိတ်တိတ်ဆိတ်ဆိတ်ဝင်လာတဲ့ကောင်လေး ၂ယောက်ကိုကြည့်ပြီး ချစ်ထူးနဲ့ဒွေးကြည် မျက်စပစ်ပြလိုက်သည်။ ဒီအချစ်ငှက်လေးနှစ်ကောင် ဘာဖြစ်လာတာလဲလို့။

ပယင်းက ပစ္စည်းတွေကို ဆိုင်ခန်းထဲ သွားထားနေတုန်း ချစ်ထူး သူ့အကိုလေးအနားပြေးကပ်လိုက်ကာ
"ဘာ‌ဖြစ်လာတာလဲ အကိုလေး၊ ရန်ဖြစ်လာတာလား"
"မဟုတ်ရပါဘူးကွာ။ သူ့မျက်နှာညိုးရင်ကို နှလုံးသားတစ်ခုလုံး နာကျင်နေတာ ဘယ်လိုစိတ်နဲ့ ရန်ဖြစ်ရမှာလဲ"

ကဗျာတွေစာတွေ အရမ်းတတ်နေပြီဖြစ်သော ဆရာသမားကို ချစ်ထူးဘုကြည့်ကြည့်ကာ
"ဒါဖြင့် အကိုပျင်းကဘာလို့ တိတ်နေရတာတုန်း"
"သူငါ့ကို စိတ်ကောက်သွားတာ၊ သူ့ကို ထပ်လိမ်ပြန်ပြီမလားလို့ မေးပြီး။ ဒါပေမယ့် ငါမှ မလိမ်ထားတာ"
ချစ်ထူး ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဆရာကြီးစတိုင်ဖမ်းပြီး
"မှားမှား မမှားမှား ပြန်ချော့ရမှာ အကိုလေး တာဝန်လေဗျာ၊ ဒီလိုလုပ် အကိုပျင်းကို ပြန်ချော့ဖို့ ဒီမြို့လေးရဲ့ ချစ်စရာဓလေ့လေးနဲ့ ပြန်ချော့ကြည့်"
"ဟင် ဘယ်လိုမျိုးလဲ"
"ပန်း ပေးရမှာ"
" အာ ..ယောကျာ်းလေးက ပန်းကြိုက်ပါ့မလား။ ပန်းအိုးပေးခိုင်းတာလား ပျင်းစိုက်ဖို့"
"မဟုတ်ဘူးဗျ။ လာ ပြမယ်"

(Completed)လေငွေ့သွင်သွင် ဝှေ့ထင်ထင် ချစ်တေးသံစဉ် ပျံ့လွှင့်၏Where stories live. Discover now