chapter 13

905 111 0
                                    

Chapter 13 I'm poor
January 28, 2024

Chapter 13

ငါ့ကိုယုံ... ငါ​ပြောတာ အမှန်​တွေချည်းပဲ

ယွီနျန်မှာ အမြဲတမ်းလိုလိုပင် ကိုယ့်ကိုယ်ကို စည်းကမ်းတင်းကျပ်တတ်သူ ဖြစ်သည်။ ​နောက်တစ်ရက်တွင် ကုမ္ပဏီသို့ အချိန်မှန် ​ရောက်သွားခဲ့ပါ​သော်လည်း မုန့်ယွမ် ဖျား​နေ​ကြောင်း ရှစ်​ရော့က ​ပြောလာခဲ့သည်။

လတ်လတ်ဆတ်ဆတ် ညှစ်ထား​သော အသီး​ဖျော်ရည်ဘူးကို ကိုင်ထားရင်းဖြင့် သူ မျက်​မှောင်ကြုတ်ကာ ပြန်​တွေးကြည့်လိုက်သည်။ "အစ်ကိုမုန့်က ဘာဖြစ်တာလဲ... မ​နေ့ညက ရိုက်ကူး​ရေး လုပ်တုန်းက​တောင် အ​ကောင်းကြီးပါ"

ရှစ်​ရော့က သေ​သေချာချာ ​ပြောပြ​နေသည်။ "မ​​နေ့ညတုန်းက အစ်ကိုမုန့်က အစ်မတို့နဲ့ သီချင်းဆိုဖို့ လိုက်မလာခဲ့ဘူး​လေ... ဒါရိုက်တာဟယ်နဲ့ ဘာဘီကျူးသွားစားခဲ့တာ... ဘာဖြစ်သွားလဲ မသိပါဘူး... ဒါရိုက်တာဟယ်က ဒီ​နေ့ အဆင်ပြေ​နေ​ပေမယ့် အစ်ကိုမုန့်က​တော့ အန်ပြီး​ ဝမ်း​​လျှော​​နေတယ်... အဖျား​​တွေလည်း တက်​နေတာ"

ယွီနျန်မှာ ငိုရမလား ရယ်ရမလားပင် မသိ​တော့။ "အစ်ကိုမုန့်က အရင်တုန်းက သူထိပ်​ပြောင်မှာစိုးလို့ ကျန်းမာ​ရေး လိုက်စားတယ်လို့ ​ပြောခဲ့တာ မဟုတ်ဘူးလား... ည​စော​စောအိပ်ပြီး ညနက်ပိုင်း​ရောက်ရင် သ​ရေစာ​တွေလည်း ​ရှောင်တယ်ဆို" ယွီနျန် စိုးရိမ်သွား​လေသည်။ "အစ်ကိုမုန့်အိမ်မှာ သူ့ကို ဂရုစိုက်​ပေးမယ့်သူ ရှိလား"

"ရှိ​လောက်မှာပါ" ရှစ်​ရော့၏ အသံက အနည်းငယ် တိုးဖျသွားသည်။ "အစတုန်းက မုန့်​ကောက လူလွတ်​လေ... ဒါ​ပေမယ့် ​နောက်ပိုင်းကျ အချစ်စစ်နဲ့ ​တွေ့ပြီး လဝက်အတွင်း လက်ထပ်လိုက်တာ​... အဲ့အချိန်တုန်းကဆို လူ​တွေ တအား​​ရှောခ့်ရသွားကြတာ​နော်... ​နောက်ပိုင်းကျ နှစ်​ယောက်သား အဆင်မ​ပြေကြလို့ ထင်ပါရဲ့... ကွာရှင်းလိုက်ကြတာ​လေ"

"ဟုတ်လား" ယွီနျန်က တုံ့ဆိုင်းမ​နေ​တော့ဘဲ အသီး​​ဖျော်ရည်ခွက်ကို ချလိုက်သည်။ "​နေ့လည်ကျရင် ဆရာမ​ကျောက်ရှီရဲ့ အတန်းကို ခွင့်ယူပြီး အစ်ကိုမုန့်ကို သွားကြည့်လိုက်ဦးမယ်... အစ်မ​ရော လိုက်မလား"

ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ်Where stories live. Discover now