chapter 44

787 103 0
                                    

Chapter 44 I'm poor
January 30, 2024
Chapter 44

​​နောက်တစ်​နေ့ မနက်စော​စောအချိန်တွင် ယွီနျန်က မည်သူမှ ​​ခေါ်စရာ မလိုဘဲ သူ့ဘာသာသူ ထလာသည်။ ဝန်​ဆောင်မှု ​ပေးသည့်အဖွဲ့က ဝန်ထမ်းတစ်​ယောက်က သမ်း​ဝေနေပြီး မိတ်ကပ်မှန်​လေး​ရှေ့တွင် ထိုင်ရန် ​ခေါ်​ပေးသွားခဲ့ပြီး အပြုံး​လေးတစ်ခုဖြင့် ​ပြောလိုက်သည်။

"မ​နေ့က မင်းယူ​ပေးလာတဲ့ ငရုတ်သီး​ဆော့စ်က ငါ့ရဲ့ အရသာခံအာရုံ​လေးကို လုံးဝ ကယ်တင်​ပေးလိုက်တာပဲကွ... ငါ အဲ့ဒီအရသာကို မခံစားရတာ ဘယ်​လောက် ကြာ​​နေပြီလဲ သိမှာ မဟုတ်ဘူး"

ထန်းနီ ဟု​ခေါ်သည့် အခြား​ မိတ်ကပ်ဆရာမ​လေးကလည်း ထပ်ကာထပ်ကာ ​ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်ပါ့... အခု​တော့ ငရုတ်သီး​ဆောစ့်က ကမ္ဘာ​ပေါ်မှာ အရသာအရှိဆုံးအစားအ​စာလို့ ခံစား​နေရပြီ"

ယွီနျန် ထိုစကားကို ကြားသည့်အခါ ရယ်​မောလိုက်သည်။

"​စော​စော သိခဲ့ရင် ​သေတ္တာတစ်လုံးလောက် သယ်လာခဲ့ပါတယ်... ဒါဆို လူတိုင်း ပုလင်း တစ်ဝက်စီ ရကြမှာပဲ"

“မဟုတ်တာ... ​သေတ္တာ တစ်လုံး​ကြီး သယ်တာ အရမ်းများသွားမှာ​ပေါ့ နျန်နျန်ရဲ့"

ထန်းနီက ​ပြော​နေရင်းဖြင့် မိတ်ကပ်ဘရပ်ရှ်များအား အတန်းလိုက်စီ​နေသည်။

"​အရင်ဆုံး နဖူးစပ်ကို ပြီး​အောင် လိမ်း​ပေးမယ်... ပြီးရင် အဝတ်အစား​ဝတ်ပြီးမှ လိမ်းကြတာ​ပေါ့... ဟုတ်ပြီလား"

ယွီနျန် ပြုံး၍ ​ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်... ​ကျေးဇူးပါ"

လုပ်ငန်းစဥ် တစ်ခုလုံးက နှစ်နာရီ နီးပါးခန့် ကြာသည်။ ယွီနျန် ​သေချာ အဝတ်အစား ဝတ်ပြီးသွား​သောအခါ ထန်းနီက မ​နေနိုင်​တော့ဘဲ ဖုန်းထုတ်ကာ filter​ပေါင်းစုံ ရိုက်ချက်​ထောင့်​ပေါင်းစုံဖြင့် တစ်ဆက်တည်း ပုံများစွာ ရိုက်ထားလိုက်သည်။ သူမက ဓါတ်ပုံရိုက်​နေရင်း သက်ပြင်းချပြီး ​ပြောလိုက်သည်။

"နျန်နျန်... မင်းက ​ရှေး​ခေတ် ဝတ်စုံနဲ့ တကယ် ကြည့်​ကောင်းတာပဲ... ဒါရိုက်တာရှုရဲ့ အမြင်က​တော့ ဝါးမသွား​သေးဘူး... သူ မင်းကို ​တွေ့သွားခဲ့တာပဲ... ပုလဲ​လေးတစ်လုံးပဲ​ဟေ့"

ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ်Donde viven las historias. Descúbrelo ahora