chapter 75

481 72 1
                                    

Chapter 75 I'm poor
February 01, 2024
Chapter 75

ခင်ဗျား ဘာစားချင်လဲ... ကျွန်​တော် လုပ်​ပေးမယ်​လေ

ရှစ်​ရော့မှာ ​ပြောစရာ စကားမရှိ ဖြစ်သွားပြီး ​မေးလိုက်သည်။

"ထပ်ကူးရမှာလား... အဲ့ဒီ 'သမိုင်း​ကြောင်း နှစ်ဆယ့်​လေးခု' မှာ စာလုံး ဘယ်နှခု​တောင် ပါတာလဲ"

ယွီနျန် ကူကယ်ရာမဲ့စွာ ပြန်​ဖြေလိုက်သည်။ "သန်း40လောက်​ပေါ့"

ရှစ်​​ရော့ ပင့်သက်​မောသွားသည်။ မင်းတို့အားလုံး ဒီ​လောက်ထိ ရက်စက်ကြတာလား...

သိပ်မကြာခင် အ​ခြေအ​နေ၏ ​လေထုကို ဖမ်းဆုပ်မိ​သော ဖန်တစ်အုပ်ကြီးက အ​ပြေး​ရောက်လာခဲ့ကြပြီး ကျန်းဟုန်ယင်း၏ ​ဝေ့​ပေါ် အ​ကောင့်မှ ကွန်မန့်များနှင့် ပြန်တင်ကြသူများမှာ မိုး​လောက်ထိ မြင့်သွားကြ​လေသည်။

[ဟားဟားဟား ငါဘာလို့ နျန်နျန်တစ်​ယောက် 'သမိုင်း​ကြောင်း နှစ်ဆယ့်​​လေးခု' ကူး​ရေးခဲ့ရတုန်းက ဗဟုသုတ​တွေ ငို​ကြွေးခဲ့ရတာ​တွေ ​မေ့သွားဖို့ တကယ်ကြီး ​မျှော်လင့်​နေမိပါလိမ့်... ဟားဟားဟား... ငါက နတ်ဆိုးတစ်​ကောင်ပဲ ဖြစ်ရမယ်]

[ဟားဟား... ဆရာကျန်းက မိုက်ချက်ပဲ... ဒီတိုက်ကွက်ကို အားရချက်ပဲ... @ကျိ​ချောင်သယ် ထွက်လာ​ပြီး ​မေးခွန်း​တွေ လာ​ဖြေ​လေ... လုပ်နိုင်စွမ်း ရှိရင် ယွီနျန်ကို လာ​ဝေဖန်လှည့်... မ​ဖြေတတ်ရင် ယွီနျန်ကို မြန်မြန် လာ​တောင်းပန်လိုက်​လေ​နော်]

[ဆရာ​​ရော ​​​ကျောင်းသား​တွေ ထပ်လို​သေးလား... ကျွန်​တော်လည်း ​ဂေါ်ပြား​လေး သုံးပြီး သဲ​တွေ တူးနိူင်ပါတယ်​နော်... ကျွန်​တော့် ရည်မှန်းချက်က ဆရာ့ရဲ့ လမ်းညွှန်မှု​အောက်မှာ Ph.D ရဖို့ပဲ]

[အိုးမိုင်​ဂေါ့... နျန်နျန်က တကယ်ကြီး Aတန်းရတဲ့ ​ကျောင်းသား တစ်​ယောက် ဖြစ်​နေတာကို မယုံနိုင်ဘူး... အမ​လေး... အဖွဲ့က ​​သေသွား​တော့တာလား... ငါတို့ နည်းနည်း​လောက် ပရိုမိုးရှင်း ဆင်း​​ပေးရမလား... ပြီးတော့​လေ... ငါတို့တက္ကသိုလ်မှာ ဒီလို​ရုပ်ချော​၊ ရလဒ်​တွေ​ကောင်း၊ ဥာဏ်​လည်းကောင်းပြီး ပါရမီရှိ ထူးချွန်တဲ့​ကောင်​လေးမျိုး​တွေ မရှိရတာလဲ]

ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ်Where stories live. Discover now