Chapter 61 I'm poor
January 31, 2024
Chapter 61မကြာမီ #ယွီနျန်အယောင်ပြရေးခြင်း နှင့် #စီနျင်း ဆိုသည့်ခေါင်းစဥ်နှစ်ခုနှင့် #ယွီနျန့်အယ်လ်ဘမ်အသစ် ဆိုသည့် ခေါင်းစဥ်က လူကြည့်များလာသည်။ ထိပ်ဆုံးက နာမည်ကြီးခေါင်းစဥ် ခြောက်ခုတွင် သုံးခုက ယွီနျန်နှင့်ပတ်သတ်သည့် ခေါင်းစဥ်များဖြစ်သည်။ ထို့နောက် ခုနစ်ခုမြောက်က #ယောင်ယန် ပြန်တင်ထားသောပို့စ်ဖြစ်သည်။
ရှစ်ရော့က အချက်အလက်များကို ကြည့်ပြီး မျက်လုံးပြူးနေသော်လည်း မုန့်ယွမ်က အေးအေးဆေးဆေးပင်။ သူက ယွီနျန်နှင့် စကားပြောနေသည်
" သီချင်းဗီဒီယိုရိုက်ကူးရေးကရော ဘယ်လိုနေလဲ"
"ချောချောမွေ့မွေ့ပါပဲ...ကျိုးမင်က ခြောက်ရက်လောက်ကြာမယ်ပြောတယ်...သီချင်းစာသားအချို့အတွက် ဇာတ်ဝင်ခန်း အကူးအပြောင်းလေးတွေ ရှိလို့ ကျွန်တော်တို့ အချိန်ပိုဆင်းပြီးလုပ်ရင်တောင် တစ်ပတ်လောက်ကြာမှာ"
"အိုကေလေ...ကောင်းကောင်းရိုက်...အို့ ..ငါ ဖိတ်စာတစ်ခုရထားတယ်...ဇန်နဝါရီလ ၁၁ရက်မှာ နှစ်ကုန်ဖက်ရှင်ပွဲအတွက် မင်း ကော်ဇော်နီလျှောက်ဖို့ရှိတယ်...အဲ့ဒီအတောအတွင်း epကိုလည်း တိုးတက်မှုရှိမရှိ ခဏခဏစောင့်ကြည့်နိုင်အောင်လို့ထုတ်လုပ်ရေးစင်ပေါ်မှာပဲ ထားထားအုံးမှာ.....ကျိုးမင်က စိတ်ချရပါတယ်"
ယွီနျန်က ကန့်ကွက်ခြင်းမရှိပေ "ကောင်းပါပြီ"
မုန့်ယွမ်က ပြုံးလိုက်ရင်း ဂုဏ်ယူနေဟန် " မင်းမသိလို့ကွ...ကျိုးမင်က ကောင်ကင်ဘုံမင်းကြီးတောင် ခစားရမယ့် လူစားမျိုး...ဒါပေမယ့် သူက စီနျင်းလိုအရည်အချင်းရှိတဲ့သူမျိုးကို လေးစားတယ်...မင်း ထုတ်လုပ်ရေး လုပ်နေတဲ့အချိန်အတွင်း တစ်ခုခုပြင်စရာရှိနေရင် သူနဲ့သာ တည့်ဆွေးနွေးလိုက်...အချောသတ်ဖို့ပဲကျန်ရင် နောက်တစ်ပတ် စောင့်ဖို့မလိုတော့ဘူးပေါ့"
ယွီနျန်က ခေါင်းညိမ့်ရင်း ပြုံးပြလာသည်
" ဟုတ်ကဲ့...အားထုတ်ကြိုးစားပြီးလုပ်မယ်ဆိုရင် ထင်မြင်ချက်ကိုလည်း လူလေးစားလာကြမယ်"
YOU ARE READING
ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ်
General FictionDescription 💥 January 28, 2024 TITLE - I Heard That I Am ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ် ကဲကဲအသစ်ကလေးလာပြီနော် Hello... Hello... Hello... ဒါဒါလေးတို့ရေ ..... ကျွန်တော်က ဆင်းရဲတယ်လို့များ ကြားမိကြလား ... မကြားဖူးသေးရင်တော့ အစဆုံးကို ငွေလွှဲ ၃၅၀၀...