chapter 85

810 97 7
                                    

Chapter 85 I'm poor
February 02, 2024
Chapter 85

မင်းထပ်မြည်းကြည့်ဦးမလား

တစ်ဖက်တွင် ယန်ရှုလည်း နိုးနှင့်​နေ​လေပြီ။

ယွီနျန် ပြုံး၍ ​ပြောလိုက်သည်။

"ဦး​လေးယန်... ကယ်ဆယ်​ရေးအဖွဲ့ ​ရောက်လာပြီ... မကြာခင် အ​ပေါ် ပြန်တက်နိုင်​တော့မယ်"

သူစကား​​ပြော၍ မပြီးခင်မှာပင် မီး​ရောင်များ အစုလိုက်ကျဆင်းလာသည်ကို ​တွေ့လိုက်ရပြီး အ​ဝေးတစ်​နေရာမှ ချူ​ရှောင်းရန်၏ ​ဒေါသတကြီး ကျိန်ဆဲသံများကိုလည်း ကြားလိုက်ရသည်။

"သောက်ကျိုးနဲ... ​ရှောင်ရွှယ်ယုံ မင်း​သေချင်​နေတာလား... လမ်းက အကုန်မရှင်းရ​သေးဘဲနဲ့ ခုန်ဆင်းလာရတယ်လို့... လမ်းတစ်ဝက်တင် လမ်းပိတ်သွားရင် ဘယ်လိုလုပ်မလဲ... မင်း​ခြေ​ချော်ပြီး လိမ့်ကျသွားရင်​ရော... ယွီနျန်ကို စိတ်ပူမှန်း ငါသိပါတယ်ကွာ... လက်လွတ်စပယ် လုပ်လို့​တော့ မဖြစ်ဘူး​လေ"

ရွှယ်ယုံက ​ခေါင်းငုံ့ထားရင်း ယွီနျန်ကို တစ်ချက်ကြည့်ကာ အသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။

"ကိုယ်မလုပ်ပါဘူး... ကိုယ်ဂရုတစိုက်နဲ့ ဆင်းခဲ့တာ... လက်လွတ်စပယ် လုပ်တာ မဟုတ်ပါဘူး"

ဂျာကင်ထူထူကို ဝတ်ထားသည့် ချူ​ရှောင်းရန်က အနီးအနားတွင် ရပ်​နေပြီး အလင်း​ရောင်​အောက်မှ ယွီနျန်၏ ​အ​ခြေအ​နေကို ဂရုတစိုက် ​လေ့လာ​နေခဲ့သည်။ ယွီနျန်တစ်​ယောက် ရွှယ်ယုံ၏ ဂျာကင်ကို ဝတ်ထားပြီး ​ကောင်း​​ကောင်း ရပ်​နေကာ ထိခိုက်သွားပုံ မရသည်ကို မြင်​သောအခါမှသာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။

"ကံ​ကောင်းလို့... ကံ​ကောင်းလို့... ကံ​ကောင်းလို့... မင်းအဆင်​ပြေ​နေတာ"

လူ​ပြောချင်​နေ​သေးသည့် တစ်ဝက်ကိုကား ထိန်းထားလိုက်ရသည်။ မင်းသာ တကယ်ကြီး တစ်ခုခု ဖြစ်သွားရင် ရွှယ်ယုံ မျက်လုံး​တွေ ကျွတ်ထွက်သွားတဲ့အထိ ငို​​နေလောက်တယ်...

ယွီနျန် ပြုံး၍ ​​​ကျေးဇူးတင်လိုက်သည်။

ချူ​ရှောင်းရန်က သာမန်ကာလျှံကာ လက်ယမ်းပြလိုက်သည်။

ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ်Where stories live. Discover now