chapter 58

591 85 0
                                    

Chapter 58 I'm poor
January 31, 2024
Chapter 58

မငြင်းနိုင်သော သက်သေ

မထင်မှတ်ပဲ ရွှယ်ယုံက ယွီနျန့်ကို ဖက်လာ၍ စက္ကန့်များစွာ ကြာပြီးမှ အသိဝင်လာသည်။

ခေါင်းကိုက်နေတာ သူ ဖျားနေတာလား...။

ရွှယ်ယုံ့ပုံစံက ယွီနျန်ကိုမြင်ပြီးမှ အားပြတ်သွားသည့်ဟန် ယွီနျန့်ထံ အလောတကြီး မှီလာသည်။

အကွာအဝေး နီးကပ်နေ၍ ရွှယ်ယုံ့၏ မူမမှန်သောအသက်ရှူသံကို ရှင်းရှင်းလင်းလင်းကြားနေရသည်။ ယွီနျန်က အသိစိတ်ကပ်လိုက်ရင်း တံခါးဖွင့်ရန် သော့ရှာလိုက်၏။ ဖိနပ်ကိုပင် ပြောင်းမစီးတော့ပဲ သူ့ကို ဆိုဖာပေါ် ထိုင်ခိုင်းလိုက်သည်။

သူက ရွှယ်ယုံ့ရှေ့ ဒူးထောက်ချလိုက်ရင်း မေးလိုက်သည်

"ဘယ်လိုနေသေးလဲ"

ရွှယ်ယုံ့မျက်နှာက ဖြူဖျော့ဖျော့နှင့် မျက်လုံးအောက်တွင် အပြာရိပ်များ သည်းနေပြီး အိပ်ရေးပျက်ထား၍ မျက်လုံးများရဲနေသည်။သူက ရွှယ်ယုံ့လက်ကို ကိုင်ထားဆဲဖြစ်၍ ရေခဲရေထဲမှ ဆွဲထုတ်လာသလို အေးစက်မှုတို့ ခံစားရသည်။

ယွီနျန့်ကို စိုက်ကြည့်နေရင်း ရွှယ်ယုံက အက်ရှရှလေသံနှင့် ပြောလာသည်

" ကိုယ် ခေါင်းကိုက်နေတယ်"

အဆုံးသတ် လေသံလေးက နူးညံ့နေသော်လည်း  နှလုံးသားကို ဓါးထက်ထက်နှင့် လျှပ်တိုက်သွားသလို ခံစားရသည်။ သူ့ရှေ့မှာတောင် အားနည်းနေတဲ့ ပုံစံ ပြလာတယ်ဆိုတော့ ရွှယ်ယုံက ဘယ်လောက်များ နာကျင်နေတာပါလိမ့်။

ယွီနျန်က ထရပ်လိုက်ရင်း အခန်းထဲက အပူပေးစက်ကို ဖွင့်လိုက်သည်။ သူ့ကုတ်အင်္ကျီကို ကူချွတ်ပေးလိုက်ပြီး အပြာရောင် သားမွေးစောင်ပါးလေး တစ်ထည် ခြုံပေးလိုက်ရင်း မေးလိုက်သည်

" တံခါးရှေ့မှာ စောင့်နေတာ ကြာပြီလား...ဘာလို့ ကျွန်တော့ကို ဖုန်းမဆက်လိုက်တာလဲ"

"မင်းက အလုပ်များနေတာလေ"

ဒါကြောင့် ကျွန်တော့ကို အနှောင့်အယှက်မပေးချင်ဘူးပေါ့...။

ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ်Where stories live. Discover now